ဂျလန်းကျွန်းဆရာတော်၏ အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင် ကျင်းပမည်
diz_admin
December 30, 2021မော်ကင်း (ခေါ်) ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၏ ဥတုဇရုပ်ကလာပ်မှ ကြွင်းကျန်ရစ်သော အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင် ကျင်းပမည်ဖြစ်ကြောင်း ဂျလန်းကျွန်း လက်ရှိကျောင်းထိုင်ဆရာတော်ဖြစ်သော ဒေါက်တာအရှင်ပညာသီရိက မိန့်ကြားသည်။ မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့နယ်အတွင်းရှိ ဂျလန်းကျွန်းတွင် သာသနာပြုခဲ့သည့် ဂျလန်းကျွန်းဆရာတော်၏ အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင်ကို ဆရာတော်၏ မွေးရပ်ဇာတိ ဖြစ်သည့် မန္တလေးတိုင်း သာစည်မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။ သာစည်မြို့နယ် အင်းဝင်းကျေးရွာရှိ ဆရာတော် ဦးစီးတည်ထောင်ခဲ့သည့် ကျောက်တောင် ကျောင်းတိုက်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ကျင်းပမည်ဖြစ်ကြောင်း ဆရာတော် ဒေါက်တာအရှင် ပညာသီရိက မိန့်ကြားသည်။ ဂျလန်းကျွန်းဆရာတော်၏ မွေးရပ်မြေဖြစ်သည့် သာစည်မြို့နယ် ဘိုကုန်းကျေးရွာမှ ဆရာတော်၏ အရိုးပြာအား ကရဝိတ်ယာဉ်ဖြင့် အင်းဝကျေးရွာရှိ ကျောက်တောင်ကျောင်းတိုက်သို့ ပင့်ဆောင်မည် ဖြစ်ကြောင်း […]