ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး
diz_admin
January 5, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတိုက်ပွဲတွင် ပုလော PDF အဖွဲ့က ရဲဘော်ဖြူဖွေး ကျဆုံးကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီက ကဒဲရွာရှိ ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲ တစ်နာရီခန့်ကြာကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် ပျူစောထီးအဖွဲ့ဘက်က တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရကာ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။ ပုလော PDF ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရကာ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ထုတ်ပြန်ထားသည်။ ကျဆုံးခဲ့သည့် ရဲဘော်ဖြူဖွေးကို ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း […]