ထိုင်းသို့ တရားမဝင် ဝင်သဖြင့် တစ်ပတ်အတွင်း မြန်မာလုပ်သား နှစ်ရာနီးပါး ထပ်မံအဖမ်းခံရ
diz_admin
January 8, 2022ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သဖြင့် မြန်မာလုပ်သား ထောင်နှင့်ချီ ဖမ်းဆီးခံထားရသော် လည်း ဆက်လက်သွားနေကြဆဲဖြစ်ပြီး ယခုတစ်ပတ်အတွင်းလည်း နှစ်ရာနီးပါး ထပ်မံဖမ်းဆီးခံရကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦး၊ ၃ ရက်နေ့တွင် ၆၈ ဦးနှင့် ၇ ရက်နေ့တွင် ၈၅ ဦး စုစုပေါင်း ၁၉၅ ဦး ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ထောင်ချီဖမ်းမိထားပြီး ဖြစ်သော်လည်း တရားမဝင်သွားရောက်မှုများ ရှိနေဆဲဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တစ်လျှောက်ရှိ တောလမ်းတို့မှတစ်ဆင့် ထိုင်းသို့ တရားမဝင် သွားရောက်ကြသဖြင့် ဖမ်းဆီးခံရနေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ တရားမဝင် ဝင်ရောက်ကြသဖြင့် […]