ထိုင်းသို့ တရားမဝင် ဝင်သည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၇ ဦးအား ရနောင်းတွင်ဖမ်းမိ
diz_admin
January 14, 2022ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ ဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့ ညဘက်တွင်ရနောင်း၌ ဖမ်းမိကြောင်း ထိုင်းဘုရင့်ရေတပ်က သတင်းထုတ်ပြန်ချက်အရ သိရသည်။ ရနောင်းခရိုင် ကရာဘူရီမြစ်ဝပင်လယ်ပြင်တွင် ကင်းလှည့်ရေယာဉ်၏ စောင့်ကြည့်ရေး ရေဒါ၌ ကော့သောင်းဘက်မှ ရနောင်းဘက်သို့ မောင်းနင်လာသည့် စက်လှေတစ်စီးအား တွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အဆိုပါ စက်လှေအား ရပ်တန့်စစ်ဆေးခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေး(ကျား) တစ်ဦးအပါအဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၇ ဦးတို့အား ဖမ်းမိကြောင်း ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုနှင့် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစပြီး လက်ရှိအချိန်အထိ ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်မှု မကြာမကြာဖြစ်ပေါ်နေရသည်။ ယင်းကဲ့သို့ တရားမဝင် သွားရောက်ရာတွင် တနင်္သာရီမြို့နယ် မောတောင်-စင်ခွန်းနယ်စပ်ဂိတ် တလျှောက်ရှိ […]