တနင်္သာရီတွင် ပစ်ခတ်မှုဖြစ်ပြီး အိမ်နှစ်လုံး လက်နက်ကြီးကျည်ထိ
diz_admin
February 28, 2022တနင်္သာရီမြို့နယ် တကူသံတိုက်ရပ်ကွက်တွင် ယနေ့ (ဖေဖော်ဝါရီ ၂၈) နံနက် ၈နာရီဝန်းကျင်က ပစ်ခတ်မှုဖြစ်ပွားပြီး နေအိမ်နှစ်လုံး လက်နက်ကြီးကျည် ထိမှန်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ကြခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၈ နာရီဝန်းကျင်က တိုက်ကမ်းဖက်မှ လှေဖြင့် ကူးလာသည့် စစ်ကောင်စီတပ်နှင့် သံတိုက် ရပ်ကွက်သို့ ရောက်ရှိလာသည့် PDF တို့ ထိပ်တိုက်တိုးမိပြီး မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်ကြကြောင်း ဒေသခံများက ပြောသည်။ “စစ်တပ်ဖက်က ပြန်ဆုတ်ပြီး တိုက်ကမ်းဖက်ကနေ လက်နက်ကြီးအကူနဲ့ လှမ်းပစ်တာ အိမ်နှစ်လုံး ထိသွားတယ်” ဟု ယင်းဒေသခံက ပြောသည်။ ပစ်ခတ်မှုကြောင့် ရွာသူရွာသားများ ထိခိုက်မှု မရှိဟု ကြားသိရကြောင်း […]