မြိတ်တွင် ယနေ့ ကိုဗစ်လူနာတစ်ဦးသေဆုံး၊ ငါးရက်အတွင်း သေဆုံးသူ လေးဦးရှိ
diz_admin
March 9, 2022မြိတ်မြို့တွင် ယနေ့ ကိုဗစ်လူနာတစ်ဦး သေဆုံးပြီး မတ်လ ၅ ရက်နေ့မှ ၉ ရက်နေ့အထိ ငါးရက်အတွင်း ကိုဗစ်ဖြင့် သေဆုံးသူ လေးဦးရှိကြောင်း နာရေးကူညီမှုအသင်း အသိုင်းအဝိုင်းထံမှ သိရသည်။ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်လူနာကုသဆောင်တွင် မတ်လ ၅ ရက်နေ့က အသက် ၄၀ နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦး၊ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးနှင့် ၆ ရက်နေ့တွင် အသက် ၅၄ နှစ်ခန့်ရှိ အမျိုးသား တစ်ဦးတို့ သေဆုံးကြောင်း ၎င်းတို့ထံမှ သိရသည်။ ထို့အပြင် ယနေ့ မတ်လ ၉ ရက်နေ့၌ ကိုဗစ်ရောဂါဖြင့် ဆေးကုသမှုခံယူနေသည့် အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦး ထပ်မံသေဆုံးကြောင်း မြိတ် Covid-19 ထိတွေ့လူနာသယ်ယူပို့ဆောင်ရေးအဖွဲ့မှ သိရသည်။ ငါးရက်အတွင်း […]