ပုလောတွင် ဇနီးမောင်နှံနှစ်ဦး အသတ်ခံရ
diz_admin
March 15, 2022ပုလောမြို့နယ် ကဒဲကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကဒဲကျေးရွာတွင် နေထိုင်သည့် ဦးမြင့်ဇော်နှင့် ဇနီးဖြစ်သူ မခင်မာဝင်းတို့အား မတ်လ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားကြောင်း ကဒဲရွာသားတစ်ဦးက ပြောသည်။ သေဆုံးသွားသူ ဦးမြင့်ဇော်သည် အသက် ၄၀ ဝန်းကျင်ရှိပြီး ကျေးရွာတွင် ဒလန်ဟု သတင်းထွက်နေသူ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အထက်ပါပြောဆိုချက်နှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပါ။ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (မတ် ၁၅) နံနက်က ပုလောမြို့သို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက […]