BREAKING
February 28, 2025

မြိတ်

စက်သုံးဆီဈေး အနည်းငယ်ပြန်ကျ

diz_admin

March 30, 2022

စက်သုံးဆီဈေး အနည်းငယ်ပြန်ကျလာကြောင်း မြိတ်မြို့က စက်သုံးဆီဆိုင်များထံမှ သိရသည်။ မတ်လ ဒုတိယပတ်က မြိတ်မြို့တွင် ဓါတ်ဆီတစ်လီတာ ကျပ် ၂၃၀၀ အထိ မြင့်တက်ခဲ့ပြီးနောက် ယနေ့ (မတ် ၃၀) တွင် တစ်လီတာ ၂၀၅၀ ကျပ်ဖြင့် ရောင်းချနေကြောင်း စက်သုံးဆီဆိုင်များထံမှ သိရသည်။ အလားတူ ဒီဇယ်ဆီတလီတာ (ရိုးရိုးဆီ) ၂၃၀၀ ကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီး လက်ရှိတွင် ကျပ် ၂၁၀၀ ဖြင့် ရောင်းချနေကြောင်း ၎င်းတို့ထံမှ သိရသည်။ လက်ရှိကမ္ဘာ့ရေနံဈေးကွက်တွင် ဆီဈေးနှုန်း ကျလာသဖြင့် ယင်းသို့ဈေးကျဆင်းလာခြင်းဖြစ်ကြောင်း မြိတ်မြို့က ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ မတ်လ ဒုတိယပတ်က ဒီဇယ်တစ်ပေပါ ငါးသိန်းသုံးသောင်းကျပ်အထိ ဈေးမြင့်တက်ခဲ့ပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် လေးသိန်းလေးသောင်းကျပ်သာ ပေါက်ဈေးရှိတော့ကြောင်း အထက်ပါလုပ်ငန်းရှင်က ပြောသည်။ […]

မြိတ်ခရိုင်တွင် နှစ်ပတ်အတွင်း ဒလန်ဟုနာမည်ထွက်သူ သုံးဦး အသတ်ခံရ

diz_admin

March 29, 2022

မြိတ်ခရိုင် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် နှစ်ပတ်အတွင်း ဒလန်ဟုနာမည်ထွက်သူသုံးဦး အသတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ တနင်္သာရီမြို့နယ် သိန္ဒောကျေးရွာက ဒလန်ဟုနာမည်ထွက်သူ ဦးငြိမ်းချမ်းအောင်ဆိုသူကို မတ်လ ၂၅ ရက်နေ့က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးကြောင်း ယင်းရွာဒေသခံ အချို့က ပြောသည်။ ဦးငြိမ်းချမ်းအောင်ကို တောင်ပိုင်းသူရဲကောင်းများ ကာကွယ်ရေးအဖွဲ့ (SWDF) က သတ်ဖြတ်ခြင်းဖြစ် ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ ၎င်းမှာ စစ်ကောင်စီအား သတင်းပေးနေသူ၊ ရိက္ခာထောက်ပံ့နေသူဖြစ်ပြီး ဆက်လက် မလုပ်ဆောင်ရန် အကြိမ်ကြိမ်သတိပေးသော်လည်း မလိုက်နာသဖြင့် ရှင်းလင်းခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ယင်းမြို့နယ် အရှေ့မော်တုံးကျေးရွာက ဒလန်ဟု နာမည်ထွက်သော ဦးစောထွဋ်ဆိုသူလည်း မတ်လ ၁၇ ရက် ည ၈ နာရီခန့်တွင် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်သဖြင့် သေဆုံးကြောင်း […]

မြိတ်တွင် ဆိုင်ကယ် မကြာခဏ အခိုးခံရ

diz_admin

March 27, 2022

မြိတ်မြို့တွင် ယခုလပိုင်းအတွင်း မော်တော်ဆိုင်ကယ်များ မကြာခဏ အခိုးခံနေရကြောင်း ဆိုင်ကယ် ပျောက်ဆုံးသည့် ကာယကံရှင်များနှင့် တစ်ပတ်ရစ် ဆိုင်ကယ်အရောင်းအဝယ်ဆိုင်အချို့ထံမှ သိရသည်။ ဆိုင်ကယ်များ ညဘက်တွင်သာ အခိုးခံရခြင်း မဟုတ်တော့ နေ့ခင်းဘက်တွင်ပါ အခိုးခံရခြင်းဖြစ်ကြောင်း ဆိုင်ကယ်ပျောက်ဆုံးသည့် ကာယကံရှင်များက ပြောသည်။ မြိတ်တောင်နယ်မြေတွင် မတ်လ ၂၅ ရက်နေ့ နေ့ခင်းဘက်အချိန်က Click I အမျိုးအစား ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ကြောင်း အသက် ၅၀ နှစ်ကျော်ရှိ ကာယကံရှင် အမျိုးသားတစ်ဦးက ပြောသည်။ “အိမ်ရှေ့မှာရပ်ထားတာ။ ခဏလေးပဲ ပြန်ထွက်လာတော့ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ Click I အမျိုးအစား ဆိုင်ကယ်များမှာ အသစ်ဆိုလျှင် ကျပ်သိန်း ၄၀ ဝန်းကျင် ဈေးပေါက်ပြီး တစ်ပတ်ရစ်ဆိုလျှင် သိန်း ၂၀ […]

ပုလောမြို့နယ်တရားရုံးတွင် ဗုံးနှစ်လုံး ပေါက်ကွဲ

diz_admin

March 26, 2022

မြိတ်ခရိုင် ပလောမြို့နယ်တရားရုံးတွင် ယနေ့ (မတ် ၂၆) ဗုံးနှစ်လုံး ပေါက်ကွဲကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ပုလောမြို့၊ အမှတ် (၂) ရပ်ကွက်ရှိ မြို့နယ်တရားရုံး၌ ယနေ့ နံနက် ၄ နာရီခန့်တွင် ဗုံးတစ်လုံး ပေါက်ကွဲပြီးနောက် နံနက် ၅ နာရီခန့်တွင် နောက်ထပ်တစ်လုံး ထပ်မံပေါက်ကွဲကြောင်း ပုလောမြို့ဒေသခံများက ပြောသည်။ “ပေါက်ကွဲတာ အကြမ်းကြီးပဲ။ ခေါင်မိုးတွေတောင် လန်ထွက်သွားတယ်” ဟု ပုလောဒေသခံတစ်ဦးက ပြောသည်။ ပေါက်ကွဲမှုကြောင့် တရားရုံးခေါင်မိုး၊ ပရိဘောဂများ၊ ပြတင်းပေါက်များ ပျက်စီးသွားပြီး လူထိခိုက်မှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။ “အဲဒီအချိန်က ရုံးမှာ လူမရှိတဲ့အချိန်လေ။ အချိန်ကိုရွေးပြီးတော့ လုပ်တာဖြစ်မယ်” ဟု ပုလောဒေသခံက ၎င်း၏ ယူဆချက်ကို ပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် လက်ရှိအချိန်တွင် […]

မြိတ်-တနင်္သာရီလမ်းပေါ် စစ်ကောင်စီကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

March 25, 2022

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် သွားလာစဉ် ယနေ့ (မတ် ၂၅) ညနေ့ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ယင်းအနီးဝန်းကျင်က ဒေသခံများထံမှ သိရသည်။ တနင်္သာရီမြို့နယ်၊ မော်တုံးကျေးရွာအုပ်စု၊ ကဒဲလိပ်ရွာနှင့် မိုင်ဝက်ခန့်အကွာတွင် ယနေ့ ညနေ ၄ နာရီ ကျော်ခန့်က မြိတ်ဖက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီကားသုံးစီး မိုင်းဆွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ကဒဲလိပ်ကျေးရွာ ဒေသခံရွာသားအချို့က ပြောသည်။ “ပေါက်ကွဲသံက အကျယ်ကြီးပဲ ငါးချက်လောက် ကြားတယ်။ အထိအခိုက်ကတော့ မသိရဘူး။ရွာသားတွေလည်း သွားမကြည့်ရဲကြဘူး” ဟု ယင်းကျေးရွာဒေသခံတစ်ဦးက ပြောသည်။ တိုက်ခိုက်ခံရသည့်နေရာအနီးတွင် အမြောက်တပ်ရင်း တစ်ခုရှိကြောင်းလည်း ရွာသားအချို့က ဆိုသည်။ ဘုတ်ပြင်းဖက်က တက်လာသည့် စစ်ကောင်စီတပ် ကားသုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ည ၈ နာရီတွင် ထုတ်ပြန်ထားသည်။ […]

မြိတ်တွင် အုတ်တစ်ထောင် ကျပ်နှစ်သောင်းခန့် ဈေးတက်ပြီးနောက် ဈေးပြန်ကျ

diz_admin

March 25, 2022

မြိတ်တွင် အုတ်ချပ်တစ်ထောင်လျှင် ယမန်နှစ်ဈေးထက် ကျပ်နှစ်သောင်းခန့် ဈေးတက်ခဲ့ပြီး လက်ရှိတွင်မူ ကျပ်တစ်သောင်းခွဲခန့် ဈေးပြန်ကျသွားကြောင်း အုတ်လုပ်ငန်းရှင်များနှင့် အုတ်ဝယ်ယူအသုံးပြုသူအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်က အိမ်အရောက် အုတ်ချပ် တစ်ထောင်လျှင် ကျပ်ရှစ်သောင်း ဈေးရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် စက်သုံးဆီ ဈေးတက်ပြီးနောက် အုတ်ဈေးလည်း ကျပ်တစ်သိန်း ဈေးပေါက် ခဲ့ကြောင်း အုတ်လုပ်ငန်းရှင်များထံမှ သိရသည်။ “ကုန်ကျစရိတ်တွေက ဈေးတက်တယ်” ဟု မြိတ်မြို့က အုတ်လုပ်ငန်းရှင်တစ်ဦးက အုတ်ဈေးတက်ရသည့် အကြောင်းအရင်းကို ပြောဆိုသည်။ သို့သော် အိမ်ဆောက်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေနှင့် သံချောင်းများ ဈေးနှစ်ဆ မြင့်တက်သဖြင့် အိမ်ဆောက်သူနည်းပါးလာပြီးနောက် အုတ်ဝယ်သူ နည်းလာကြောင်း အုတ်လုပ်ငန်းရှင်အချို့က ဆိုသည်။ ထို့ကြောင့် မြိတ်မြို့၌ မတ်လတွင် အုတ်တစ်ထောင်ဈေး ကျပ်ရှစ်သောင်းခွဲသာ ဈေးရတော့ကြောင်း မြိတ်မြို့က အုတ်လုပ်ငန်းရှင်အချို့ထံမှ […]

ကျွန်းစု-မြိတ် အမြန်ရေယာဉ်များ ပုံမှန်ပြန်ပြေးဆွဲ

diz_admin

March 24, 2022

မုန်တိုင်းအန္တရာယ်ကြောင့် ခေတ္တရပ်နားခဲ့ရသည့် ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ ယနေ့ (မတ် ၂၄) ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း အမြန်ရေယာဉ်ပိုင်ရှင်နှင့် ခရီးသည်များထံမှ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ပြေးဆွဲနေသည့် အမြန်ရေယာဉ်သုံးစီးနှင့် ကုန်တင်ရေယာဉ်များအား မုန်တိုင်း အန္တရာယ်ကြောင့် နှစ်ရက်အကြာ ရပ်နားခဲ့ရပြီးနောက် ယနေ့တွင် ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြေင်း ၎င်းတို့က ပြောသည်။ “ဒီနေ့ကစပြီး သုံးစီးစလုံး ပြန်ထွက်နေပါပြီ။ သူ့အလှည့်နဲ့သူ ပြန်ထွက်နေပါပြီ” ဟု ဂန္ဓမာအမြန်ရေယာဉ်ပဲ့နှင်းက ပြောသည်။ လက်ရှိအချိန်တွင် ရွှေပင်ဂွင်းအမြန်ရေယာဉ်နှင့် ကြံတိုင်းအောင်အမြန်ရေယာဉ်နှစ်စီးပြေးဆွဲနေပြီး မနက်ဖြန်တွင် ဂန္ဓမာအမြန်ရေယာဉ်ပြေးဆွဲမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အနီရောင်အဆင့်အဖြစ်ကြေညာထားသည့် အားကောင်းသည့်မုန်တိုင်းငယ်မှာ ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ မရောက်ခဲ့ဘဲ မတ်လ ၂၃ ရက်နေ့တွင် လေဖိအားနည်းရပ်ဝန်းသို့ရောက်ရှိပြီးနောက် အားပျော့ပျယ် သွားပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ တနင်္သာရီကမ်းရိုးတမ်း […]

မြိတ်တွင် မတ်လအတွင်း ကိုဗစ်ဖြင့် ခုနစ်ဦး သေဆုံး

diz_admin

March 23, 2022

မြိတ်မြို့တွင် မတ်လအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ ခုနစ်ဦး ရှိနေပြီဖြစ်ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန၏ မြို့နယ်အလိုက် Covid 19 ပိုးတွေ့၊ သေဆုံးလူနာ အခြေပြဇယားတွင် ဖော်ပြပြီး မြေပြင်တွင် ယင်းထက် ပိုများကြောင်း နာရေးကူညီမှုအသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ ဇယားထုတ်ပြန်ချက်အရ မတ်လ ၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ သေဆုံးသူ ခုနစ်ဦးနှင့် ကိုဗစ်ပိုး တွေ့ရှိသူ စုစုပေါင်း ၁၃၂ ဦးတို့ ရှိကြောင်း ဖော်ပြထားသည်။ တိုင်းကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်သည် မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်နိုင်တီးကုသဆောင်မှ စာရင်းများသာ ဖြစ်ကြောင်း မြိတ်အခြေစိုက် နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။ ပုဂ္ဂလိကဆေးရုံများနှင့် ရပ်ကွက်တို့အတွင်း ကိုဗစ်ဖြင့် သေဆုံးသူများလည်း ရှိနေပြီး စုစုပေါင်း ကို‌ဗစ်လူနာ ဆယ်ဦးခန့်ရှိနိုင်ကြောင်း ၎င်းက ဆိုသည်။ […]