ပုလောမြို့နယ် ကဒဲကျေးရွာတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရ
diz_admin
April 5, 2022ပုလောမြို့နယ်၊ ကဒဲကျေးရွာထိပ်တွင် ယနေ့ (ဧပြီ ၅) ညနေ ၄ နာရီဝန်းကျင်က စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပုလောမြို့ဖက်က မောင်းနှင်လာသည့် စစ်ကောင်စီတပ်ကား သုံးစီး တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ထိခိုက်ဒဏ်ရာရတာ မကြားရဘူး” ဟု ကဒဲဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိသေးကြောင်း ဒေသခံအချို့ ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ကဒဲရွာအနီး သင်္ကန်းတော အတွင်းဘက်သို့ လက်နက်ကြီးဟုယူဆရသည့် ပစ်ခတ်သံ ခုနစ်ကြိမ် ကြားရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “လက်နက်ကြီးက ကောင်းကင်မှာ ဖြာပြီး ပေါက်ကွဲတယ်။ တဖွဲဖွဲနဲ့ အိမ်ခေါင်ပေါ်တွေလည်း ကျတယ်။ ဘာလက်နက်မှန်းကို စဉ်းစားမရဘူး” ဟု […]