စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် တနင်္သာရီတွင် ကလေးနှစ်ဦးအပါအဝင် ၇ ဦးဒဏ်ရာရ
Dawei Watch
January 23, 2025တနင်္သာရီမြို့နယ်၊မော်တုန်းရွာအခြေစိုက် စစ်ကောင်စီ၏ ၃၀၆ အမြောက်တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပဝရွာနှင့် အရှေ့သာရဖုံရွာက ကလေးနှစ်ဦးအပါအဝင် အရပ်သား ၇ ဦး ဒဏ်ရာရသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၂ ရက် ည ၁၂ နာရီခန့်တွင် စစ်ကောင်စီအမြောက်တပ်က ပဝရွာကို ၁၂၀ မမ လက်နက်ကြီး လေးလုံးနှင့် အရှေ့သာရဖုံရွာကို ၁၂၀ မမ နှစ်လုံး ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ပဝကျေးရွာတွင် အသက်မပြည့်သေးသည့် မိန်းကလေးတစ်ဦးနှင့် ယောကျ်ားလေးတစ်ဦး အပါအဝင်အမျိုးသမီး သုံးဦးနှင့် အမျိုးသား သုံးဦး၊ အရှေ့သာရဖုံရွာတွင် အမျိုးသမီးတစ်ဦး ဒဏ်ရာရသွားကြောင်း ဒေသခံအချို့က ဆိုသည်။ “ညဆိုတော့ အလုပ်ပင်ပန်းပြီးအိပ်မောကျနေတဲ့အချိန်ဆိုတော့ ဘာမှလုပ်ဖို့တောင် မမီလိုက်ဘူး” ဟုအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။ […]