တနင်္သာရီတိုင်းတွင် ဧပြီလအတွင်း ဒလန်ဟုဆိုသူ ၂၀ နီးပါး အသတ်ခံရ
diz_admin
April 18, 2022တနင်္သာရီတိုင်းတွင် ဧပြီလ ၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ သတင်းပေး ဒလန်ဟုဆိုကာ သတ်ဖြတ်ခံရသူ ၁၈ဦး ရှိကြောင်း ဒေသခံများကို ဆက်သွယ်မေးမြန်းထားချက်၊ ထုတ်ပြန်ချက်များအရ သိရသည်။ ဧပြီလ နှစ်ပတ်ကျော်ကာလအတွင်း စစ်ကောင်စီသတင်းပေး ဒလန်ဟုဆိုကာ အသတ်ခံရသူများတွင် လောင်းလုံး မြို့နယ်က ၁၀ ဦးရှိပြီး ရေဖြူတွင် လေးဦး၊ ထားဝယ်တွင် နှစ်ဦး၊ ပုလောတွင် တစ်ဦး၊ မြိတ်တွင် တစ်ဦး ရှိသည်ကို တွေ့ရသည်။ လောင်းလုံးမြို့နယ်က တစ်ဦးမှာ တိုက်ခိုက်ခံရသော်လည်း အသက်မသေဘဲ လွတ်မြောက်ခဲ့သည်။ အသတ်ခံရသူများမှာ စစ်ကောင်စီနှင့် ပူးပေါင်းသူ၊ စစ်ကောင်စီအားပေး ထောက်ခံသူ၊ ပျူစောထီး ခေါ် ပြည်သူ့စစ်၊ စစ်တပ်နှင့် ရဲသတင်းပေး ဒလန်ဟုဆိုသူများအပြင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် ကြံ့ခိုင်ရေးပါတီဝင်များဖြစ်ကြောင်း ပစ်ခတ်ရှင်းလင်းမှုများကို လုပ်ဆောင်ပြီးနောက် […]