မြိတ်တွင် ဗုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ
diz_admin
April 23, 2022မြိတ်မြို့တွင် ယနေ့ (ဧပြီ ၂၃) နံနက် ၁၀ ဝန်းကျင်က ဗုံးတစ်လုံးပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အောင်မင်္ဂလာရပ်ကွက် အမှတ် (၉) အထက်တန်ကျောင်း အနောက်ဖက်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ “အသံကကြမ်းတယ်။ မီးခိုးလုံးတွေလည်း ထွက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။ ပေါက်ကွဲမှုကြောင့် အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး၏ လက်နှစ်ဖက်တွင် ဒဏ်ရာ အနည်းငယ်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။ “ကျောပိုးအိပ်ကို သွားကောက်လိုက်ချိန် ပေါက်ကွဲသွားတယ်လို့ ကာယကံရှင် ဒဏ်ရာရသူကိုယ်တိုင်က ပြောပြတယ်” ဟု ယင်းရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ဗုံးပေါက်ကွဲပြီးနောက် ဒဏ်ရာရသူအား အရေးပေါ်ကားဖြင့် လာရောက်တင်ဆောင်သွားကြောင်း […]