BREAKING
March 1, 2025

မြိတ်

တကူ၊သရဘွင် တိုက်ပွဲကြောင့် ဒေသခံတစ်သောင်းကျော် စစ်ဘေးရှောင်

diz_admin

May 21, 2022

တနင်္သာရီမြို့နယ်၊တကူနှင့် သရဘွင်ကျေးရွာအုပ်စုများတွင် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် နေရပ်စွန့်ခွါကာ စစ်ဘေးရှောင်နေကြသည့် ဒေသခံပြည်သူ တစ်သောင်းလေးထောင်ခန့်ရှိနေကြောင်း စစ်ရှောင်များအား အကူအညီပေးနေသည့် Compassion For IDP အဖွဲ့က ယနေ့ထုတ်ပြန်သည်။ မေလ ၁၉ ရက် ညဦးကစတင်ခဲ့သည့် တိုက်ပွဲကြောင့် တကူတိုက်နယ်ရှိ၊သံတိုက်၊ ရွာမ၊အင်းရှည်ကုန်း၊ ပြည်အေး၊တကူငယ် အလယ်ပိုင်း၊လမိုင်းကော့နှင့် သရဘွင်ကျေးရွာအုပ်စုရှိ သရဘွင်အရှေ့ကမ်း၊ ကျောက်တောင်၊စံပယ်ကုန်း၊ သာယာကုန်း၊မယ်ငေါ့၊တလိုင်းတပ် စသည့်ကျေးရွာများမှ ပြည်သူများ တစ်သောင်းလေးထောင် ဝန်းကျင်မှာနေရပ်စွန်ခွာ စစ်ဘေးရှောင်နေရကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တကူနှင့်သရဘွင် ကျေးရွာအုပ်စုသို့ စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညမှ စတင်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေကြောင်း၊ ရွာအတွင်းသို့လည်း လက်နက်ကြီးကျည်များ ကျသဖြင့် ဒေသခံများ နီးစပ်ရာရွာများနှင့် ဘေးလွတ်ရာ တောတောင်များသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းကဲ့သို့ထွက်ပြေးတိမ်းရှောင်စဉ် မိုးအဆက်မပြတ် […]

တကူနှင့် သရဘွင်တွင် တိုက်ပွဲပြင်းထန်၊ အင်တာနက် စတင်ပြတ်တောက်

diz_admin

May 21, 2022

တနင်္သာရီမြို့နယ် တကူနှင့် သရဘွင်ကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ယနေ့နံနက်မှစကာ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများ ထံမှသိရသည်။ တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုများရှိရာ ဒေသအတွင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညဦးမှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ နေကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးကတော့ မိုးသီးမိုးပေါက်လိုပဲပစ်ကြတာ အခုအစောကြီးလည်း ထပစ်နေတယ် သရဘွင်ဘက်မှာ”ဟု စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသား တစ်ဦးက ယနေ့နံနက်ပိုင်းကပြောသည်။ ယင်းအပြင် တကူ၊သရဘွင်နှင့် သိန္ဒောရွာများတွင်လည်း ယနေ့နံနက်မှစတင်ကာ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများကဆိုသည်။ “ဖုန်းကတော့ ဆက်လို့ရနေသေးတယ် အင်တာနက်ကတော့ လုံးဝမရတော့ဘူး”ဟု သိန္ဒောကျေးရွာ ဒေသခံတစ်ဦးကပြောသည်။  မေလ ၁၉ ရက်ည ၆ နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် […]

သရဘွင်အရှေ့ကမ်းတွင် တိုက်ပွဲဖြစ်၊ တကူတွင် ဒေသခံအချို့ ဖမ်းဆီးခံရဟုဆို

diz_admin

May 20, 2022

တနင်္သာရီမြို့နယ်၊ သရဘွင်အရှေ့ကမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (မေ ၂၀) နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံက် ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “လက်နက်ကြီးတွေရော လက်နက်ငယ်တွေပါ ဆက်တိုက်ပစ်ခဲ့တယ်။ အထိအခိုက်တော့ မကြားရ သေးဘူး” ဟုတကူကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံ အမျိုးသမီးက တစ်ဦးက ပြောသည်။ ယင်းသို့အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားကြောင်း ဒေသခံများကပြောသည်။ နံက်နက် ၇ နာရီဝန်းကျင်ကလည်း တကူကျေးရွာ သံတိုက်ရပ်ကွက်မှ မြစ်တစ်ဖက်ကမ်းရှိ တကူတိုက်ကမ်းသို့ လက်နက်ကြီး ၆ ချက်ခန့် ပစ်ခတ်ခဲ့သေးသည်ဟု တကူဒေသခံများကပြောသည်။ တကူနှင့် သရဘွင်တို့မှာ နီးနီးကပ်ကပ် […]

တနင်္သာရီ တကူကျေးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ရွာလုံးကျွတ်ထွက်ပြေး

diz_admin

May 19, 2022

တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ရွာသားများထံမှ သိရသည်။ ယနေ့ညနေ ၅ နာရီခွဲခန့်တွင် လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ် ရွာထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အနည်းဆုံး နေအိမ်နှစ်လုံး လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံများ ထွက်ပြေးသည့် ကားရှေ့သို့လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကားမှန်များ ကွဲကြေပျက်စီးသွားကြောင်း ရွာသားများက ပြောသည်။ “(တကူကျေးရွာအုပ်စုထဲက) အင်းရှည်ကုန်းတို့ ခြောက်အိမ်စုတို့ဖက် သူတို့ (စစ်ကောင်စီ) တပ် ဝင်စီးလိုက်ပြီ။ သံတိုက်ဖက်က လူတွေလည်း အကုန်ထွက်ပြေးကုန်ကြပြီ” ဟု တကူရွာသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။ တကူကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် […]

တနင်္သာရီ ဘန်းပြည့်ရွာတွင် တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေး

diz_admin

May 18, 2022

တနင်္သာရီမြို့နယ်၊ ဘန်းပြည့်ကျေးရွာတွင် ယနေ့ (မေ ၁၈) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် သိန္ဒောရွာဖက်ကမ်းမှ စစ်ကောင်စီတပ်သားများ လှေဖြင့် ကူးလာပြီး နောက် ဘန်းပြည့်ရွာသို့အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သတင်းကြားရကြောင်း ဘန်းပြည့်ရွာသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး ယင်းသို့ရှောင်တိမ်းစဉ် ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၇နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာသွားပြီး ၎င်းတို့ဆုတ်ခွာရာဖက်သို့ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ […]

မြိတ်-ကော့သောင်း သွားမည့်ကားများ လိုက်နာရမည့်အချက်များ ထုတ်ပြန်

diz_admin

May 17, 2022

မြိတ်-ဘုတ်ပြင်း-ကော့သောင်းမြို့သို့ သွားလာမည့် ကားများ လိုက်နာရမည့်အချက်များကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် KDDF (T4 ဇုံ) က မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားများသည် စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မသွားလာကြရန်၊ မှန်ချပြီး မောင်းနှင်ပေးရန်၊ ညအချိန်ခရီးသွားခြင်း တတ်နိုင်သမျှရှောင်ရှားပေးရန်၊ ကားပေါ်ပစ္စည်းများ တင်ဆောင်ရာတွင် အမိုးအကာ (တာလပတ်) အပြည့်ဖုံးအုပ်ခြင်း မလုပ်ရန် အချက်များကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေအရ ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း KDDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လက်ရှိတွင် မြိတ်-ကော့သောင်းသို့ သွားနေသည့် ခရီးသည်တင်ကားနှင့် ကုန်ကားများ နေ့ဘက်တွင်သာ ခရီးသွားကြပြီး ညဘက်တွင် ရပ်နားထားကြကြောင်း ကားသမားအချို့က ပြောသည်။ “အရေးတကြီး သွားလာတဲ့ ကားတချို့တော့ရှိတယ်။ ကျွန်တော်တို့က […]

မြိတ်တွင် လျှပ်စစ်မီတာခ ၃၅ ကျပ် ဈေးပြန်ကျ

diz_admin

May 17, 2022

မြိတ်မြို့တွင် ဧပြီလအတွက် လျှပ်စစ်မီတာခဈေးနှုန်း တစ်ယူနစ်လျှင် ၃၅ ကျပ် ဈေးပြန်ကျဆင်းကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။ မတ်လသုံးစွဲခအတွက် တစ်ယူနစ်လျှင် ၇၆၅ ကျပ် ပေးဆောင်ရပြီး ဧပြီလအတွက် တစ်ယူနစ် ၇၃၀ ကျပ် ပေးဆောင်ရကြောင်း ၎င်းတို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွက် တစ်ယူနစ် ၄၇၈ ကျပ်၊ ဖေဖာ်ဝါရီလအတွက် ၅၆၅ ကျပ်၊ မတ်လအတွက် ၇၆၅ ကျပ်အထိ ပေးဆောင်ခဲ့ရခြင်းဖြစ်သည်။ “ဈေးတက်တုန်းက ခုန်တက်တယ်။ ဈေးကျတော့ ၃၀ တည်း။ များများကျမှပဲ မီးဖိုးသက်သာမယ်” ဟု မြိတ်တောင်ရပ်နေ လျှပ်စစ်မီးသုံးစွဲသူတစ်ဦးက ပြောသည်။ မြိတ်မြို့ ရွှေပြည်တန်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးကလည်း မီတာခ ရှစ်သောင်းကျပ်ဝန်းကျင် ပေးသွင်းနေရပြီး ဧပြီလတွင် တစ်ယူနစ် […]

တနင်္သာရီမြို့အနီး ဘန်းလမွတ်တွင် တိုက်ပွဲဖြစ်

diz_admin

May 16, 2022

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးတွင် မေလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၅ ရက်နံက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဘန်းလမွတ် ကျေးရွာအနီး ပနပ်ငယ်ရွာတွင် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ထိခိုက်ဒဏ်ရာရသူရှိခဲ့သည်ဟု ကြားရကြောင်း ဒေသခံများက ပြောသည်။ “စစ်တပ်ဖက်က တချို့ဒဏ်ရာရတယ်လို့ကြားတယ် အရေအတွက်တော့မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြိတ်မြို့မှ တနင်္သာရီသို့ သွားရောက် ဈေးရောင်းချနေသူတစ်ဦးက ဘန်းလမွတ်ရွာတွင် တိုက်ပွဲဖြစ်နေသည့်အတွက် ကားများ တုံးဗျောကျေးရွာမှ ပြန်လှည့်ကာ မြိတ်မြို့သို့ ပြန်လာခဲ့ရကြောင်း မေလ ၁၅ ရက်နေ့က ပြောသည်။ “လက်နက်ကြီးပစ်သံတွေလည်း ကြားရတယ်။ ကားတွေဆိုင်ကယ်တွေ လုံးဝ ပေးမသွားဘူး” ဟု ၎င်းက ဆိုသည်။ […]