ပုလော ပလစက်တော်ရာရွာ ရာအိမ်မှူးပစ်သတ်ခံရ
diz_admin
June 4, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ စက်တော်ရာကျေးရွာက ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့နယ်ခွဲ၊ ကျဲကျေးရွာအုပ်စု စက်တော်ရာကျေးရွာက ရာအိမ်မှူး ဦးအေးထွန်းသည် ဇွန်လ ၃ ရက်ည ၇ နာရီခန့်တွင် ရွာထိပ်လမ်းမ၌ သေနတ်ဖြင့် ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ရွာသားများက ပြောသည်။ “ရွာမှာက သူ့ကို ထန်းဗလက်လို့ ခေါ်ကြတယ်။ စစ်ကောင်စီသတင်းပေးတာတွေ လုပ်တယ်လို့ ပြောကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် ရွာသားများအား ကင်းစောင့်ခိုင်းခြင်း၊ ကင်းမစောင့်သူများထံမှ ငွေတောင်းခြင်း၊ ထိုင်းဖက် သွားသည့် ကားများမှ ငွေကြေးတောင်းခံခြင်း စသည်တို့ လုပ်ဆောင်နေသူဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဦးအေးထွန်း အသတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် လုပ်ဆောင်ခဲ့သည်ကိုမူ Dawei Watch […]