မြိတ်တွင် ဝါလတ်ငါးဖမ်းလှေတစ်စီး မီးလောင်၊ သုံးဦးဒဏ်ရာရ
Dawei Watch
November 23, 2024■ သတင်းဖြည့်စွက်ချက် မြိတ်မြို့ခံ လူမှုကယ်ဆယ်ရေးအသင်းများနှင့် မီးသတ်သတင်းရင်းမြစ်အချို့ထံ နိုဝင်ဘာလ ၂၄ ရက်တွင် နောက်ဆက်တွဲမေးမြန်းချက်အရ ငါးဖမ်းစက်လှေ မီးလောင်မှုတွင် ဒဏ်ရာရသူသုံးဦးအပြင် မီးလောင်ခဲ့သည့် စက်လှေအတွင်း၌ မီးလောင်ထားသည့် လူဦးခေါင်းခွံတစ်ခုလည်း တွေ့ရကြောင်း သိရသည်။ မီးလောင်ကျွမ်းခဲ့သူသည် လှေလုပ်သားဖြစ်နိုင်သည်ဟု မြို့ခံများက ယူဆပြောဆိုနေကြသော်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း လူမှုကယ်ဆယ်ရေး အသင်းများထံမှ သိရသည်။ – – – – – – – – – မြိတ်မြို့၊ တလိုင်းစုရပ်၊ ဆိပ်ငယ်ဘောတံတားအနီး ရေလယ်ရှိ ဆီဘောတွင် ဆီဖြည့်ရန်ကပ်ထားသည့် ဝါလတ်ငါးဖမ်းလှေတစ်စီး ယမန်နေ့ (နိုဝင်ဘာလ ၂၂ ရက်) ည ၆ နာရီ ၄၅ မိနစ်ခန့်က မီးလောင်ခဲ့ကြောင်း […]