BREAKING
March 1, 2025

မြိတ်

သဲစုပ်လှေများ သုံးရက်အတွင်း ထွက်ခွာပေးရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သတိပေး

diz_admin

June 20, 2022

တနင်္သာရီမြို့နယ်၊ လယ်သစ်မြစ်အတွင်း သဲ၊ ကျောက်စုပ်ယူနေသည့် လှေများ သုံးရက်အတွင်း ထွက်ခွာပေးရန် တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ (ဇွန် ၂၀) သတိပေးချက်ထုတ်ပြန်လိုက်သည်။ လယ်သစ်ကျေးရွာအုပ်စု၊ မြေပြားရွာ ကြွေးချောင်းသောင်မှ လယ်သစ်မြစ်ဝအထိ သဲ၊ ကျောက် စုပ်ယူနေကြသည့် လှေများအား နယ်မြေလုံခြုံရေးအရ ယခုထုတ်ပြန်သည့်နေ့မှစ၍ ၃ ရက်အတွင်း ယင်းဧရိယာမှ ထွက်ခွာပေးရန် သတိပေးတားမြစ်လိုက်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။ လိုက်နာခြင်းမရှိပါက နယ်မြေလုံခြုံရေးအဖွဲ့များက လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ NUG က ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြေပြားဒေသပတ်ဝန်းကျင်တွင် နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်များ စစ်ရေးလှုပ်ရှားမှု မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ လယ်သစ်မြစ်အတွင်းရှိ ကြွေးချောင်းသောင်တွင် ကျောက်သဲစုပ်ယူနေကြသည့်လှေ တစ်နေ့လျှင် ငါးစီးခန့်သာရှိပြီး ပဝကျေးရွာအုပ်စု၊ […]

မြိတ်မြို့ လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်ရှစ်ရာကျော်ဖြစ်လာ

diz_admin

June 17, 2022

မြိတ်မြို့ပေါ်တွင် လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ်တစ်ရာကျော် ဈေးမြင့်တက်သွားသဖြင့် တစ်ယူနစ် ကျပ်ရှစ်ရာကျော် ပေးဆောင်နေရပြီဖြစ်ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။ ဧပြီလ အသုံးပြုခအတွက် တစ်ယူနစ်လျှင် ၇၃၀ ကျပ်နှုန်းကောက်ခံရာမှ မေလတွင် ၈၄၅ ကျပ်သို့ တိုးမြှင့်ကောက်ခံ လာကြောင်း ၎င်းတို့က ပြောသည်။ “ဈေးက ခဏခဏတက်နေတာပဲ။ မတတ်နိုင်ဘူး။ မီးမသုံးလို့လည်း မရဘူးလေ” ဟု မြိတ်တောင်ရပ်နေ အသက် ၅၀ နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ မြိတ်လျှပ်စစ်မီတာ‌ခဈေးနှုန်းတို့မှာ ယခုနှစ်အစ ဇန်နဝါရီလတွင် ၄၇၈ ကျပ်၊ ဖေဖော်ဝါရီလတွင် ၅၆၅ ကျပ်နှင့် မတ်လတွင် ၇၆၅ ကျပ် စသဖြင့် ဈေးတက်လာခဲ့သည်။ ဧပြီလတွင် တစ်ယူနစ် ၃၀ ကျပ် ဈေးကျဆင်းသဖြင့် ၇၃၀ ကျပ်ဖြစ်ခဲ့ပြီး မေလတွင် […]

လယ်သစ်ကျေးရွာတွင် တိုက်ပွဲထပ်ဖြစ်နေ

diz_admin

June 17, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာအနောက်ကမ်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်နေ့က နှစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇွန်လ ၁၇ရက် ညမှစပြီး တိုက်ပွဲထပ်မံဖြစ်ပွားနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ည ၈ နာရီခွဲကနေ ၁၀ နာရီ ၁၁ နာရီလောက်အထိ ပစ်ကြတယ်။ အခုလည်း မိုးလင်းကတည်းက ထပစ်နေကြတယ်။ လက်နက်ကြီးရော လက်နက်ငယ်ပါ တအားပဲ ပစ်နေကြတာ” ဟု လယ်သစ်ရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။ ယနေ့ မွန်းလွဲပိုင်းအချိန်အထိ ပစ်ခတ်နေကြဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ခုထိ ပန်းကြားပန်းကြား (မကြာမကြာ) ပစ်နေတုန်းပဲသေး။ လက်နက်ကြီးတွေက ပစ်မှပစ်ပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က လက်ရှိအချိန်တွင် လယ်သစ်အနောက်ကမ်း […]

မြိတ်-ကော့သောင်းလမ်း အစစ်အဆေးတင်းကျပ်

diz_admin

June 17, 2022

မြိတ်ဖက် – ကော့သောင်းလမ်းတွင် ခရီးသည်တင်ကားများကို ယခုရက်ပိုင်းအတွင်း အစစ်အဆေးတင်းကျပ် နေကြောင်း ယာဉ်မောင်းများနှင့် ခရီးသည်များထံမှ သိရသည်။ မြိတ်မှ ကော့သောင်းသို့သွားနေသည့် ခရီးသည်တင်ကားများကို ပသောင်းတံတား ကြေးနန်းတိုင်ဂိတ်၊ တနင်္သာရီတံတား၊ ချောင်းလမု၊ လေညာ၊ ဘုတ်ပြင်းစသည့် ဂိတ်များတွင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ၎င်းတို့က ပြောသည်။ “စာရင်းရထားတဲ့ လူတွေကို ရှာသလို စစ်နေတဲ့ ပုံစံရှိတယ်။ လေညာမှာတော့ (စစ်ဆေးတာ) အကြမ်းဆုံးပဲ” ဟု ကားသမားတစ်ဦးက ပြောသည်။ အာဏာသိမ်းပြီးနောက် ကိုဗစ်ဆေးလက်မှတ်ကိုသာ အဓိကထား စစ်ဆေးနေရာမှ ယခုရက်ပိုင်းအတွင်း နိုင်ငံသား စိစစ်ရေးကတ်ကို အဓိကထား စစ်ဆေးနေကြောင်း ကားသမားအချို့က ပြောဆိုသည်။ နိုင်ငံသားစိစစ်ရေးကတ်ပါ ဓာတ်ပုံနှင့် ခရီးသည်မျက်နှာကို တိုက်ဆိုင်စစ်ဆေးပြီး နှာခေါင်းစည်း တပ်ထားသူများ ဆိုလျှင် နှာခေါင်းစည်း ချွတ်ခိုင်းကြောင်း […]

ဘုတ်ပြင်းရှိ ရွာများတွင် လျှပ်စစ်တစ်ယူနစ် ကျပ်နှစ်ထောင်အထိပေးရ

diz_admin

June 16, 2022

သွားလာရခက်ခဲ့သည့် ဘုတ်ပြင်းမြို့နယ်ရှိ ပင်လယ်ကျေးရွာများတွင် လျှပ်စစ်မီးတစ်ယူနစ်ကို ကျပ်နှစ်ထောင်အထိ ပေးကာသုံးစွဲနေရကြောင်း ဒေသခံများ ထံမှသိရသည်။ ပြီးခဲ့သည့်မတ်လအတွင်း အဆိုပါပင်လယ်ရွာများတွင် လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ဝန်းကျင်သာ ရှိခဲ့သော်လည်း လက်ရှိအချိန်တွင် တစ်ယူနစ် ကျပ်နှစ်ထောင်ပေးကာ သုံးစွဲနေရသည်ဟု ဘုတ်ပြင်းမြို့နယ် ဒေသခံများကပြောသည်။ “လျှပ်စစ်မီးက သုံးသုံးမသုံးသုံး တစ်အိမ်ကို တစ်လသုံးသောင်းပေးနေရတယ်”ဟု ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင်ကျေးရွာနေ အမျိုးသမီး ကပြောသည်။ ကြိမ်မဲတောင်ကျေးရွာတွင် အိမ်ခြေလေးရာဝန်းကျင်ခန့်ရှိပြီး လုပ်ငန်းရှင်တစ်ဦးက လျှပ်စစ်ဓါတ်အား ဖြန့်ဝေနေခြင်းဖြစ်သည်။ ယင်းသို့ဖြန့်ဝေရာတွင် မီတာတစ်လုံးလျှင် အခြေခံယူနစ် ၁၅ ယူနစ်အဖြစ် သတ်မှတ်ထားပြီး တွက်ချက်ကောက်ခံကြောင်း ဒေသခံများကပြောပြသည်။ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ပင်လယ်ကျေးရွာများသည် ခရီးဝေးသဖြင့် စက်သုံးဆီသယ်ယူရာတွင် ကုန်ကျစရိတ်များကြောင်း ယင်းကြောင့် လျှပ်စစ်စျေးနှုန်းမှာလည်း မြို့ပြနှင့်နီးပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ရွာများထက် အနည်းငယ်ပိုများကြောင်း လုပ်ငန်းရှင်တစ်ဦးက ရှင်းပြသည်။ ယင်းအပြင် […]

ပုလောမြို့တွင် ဆိုင်ပိုင်ရှင်ငါးဦး ဖမ်းဆီးခံရ

diz_admin

June 16, 2022

မြိတ်ခရိုင် ပုလောမြို့တွင် ကုန်မာဆိုင်ပိုင်ရှင် ငါးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း မြို့ခံများထံမှ သိရသည်။ ဇွန်လ ၁၅ ရက်ညက ဆိုင်ကယ်အပိုပစ္စည်းဆိုင်ပိုင်ရှင်တစ်ဦးအား စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့ (ဇွန် ၁၆) အာရုံတက်ချိန်တွင်လည်း ကုန်မာဆိုင်ပိုင်ရှင် လေးဦးကို လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မြို့ခံများက ပြောသည်။ အထက်ပါဆိုင်ပိုင်ရှင် ငါးဦးတွင် အမှတ် (၂) ရပ်ကွက်က လေးဦး၊ အမှတ် (၄) ရပ်ကွက်က တစ်ဦးပါဝင်ပြီး ၎င်းတို့အနက် အမျိုးသမီးနှစ်ဦး ပါဝင်ကြောင်း မြို့ခံများကို မေးမြန်းချက်အရ သိရသည်။ “ဘာကြောင့် လာခေါ်သွားတယ်ဆိုတာ ကျွန်တော်တို့လည်း မသိရသေးဘူး” ဟု ဆိုင်ရှင်အချို့နှင့် နီးစပ်သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ပြီးခဲ့သည့် မေ ၁၅ ရက်ကလည်း ပုလောမြို့နေ အမျိုးသမီးတစ်ဦး […]

တနင်္သာရီ လယ်သစ်ရွာအနီးတွင် တိုက်ပွဲဖြစ်

diz_admin

June 15, 2022

မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနောက်ကမ်းတွင် ယနေ့ (ဇွန် ၁၅) ညနေ ၃ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လယ်သစ်အနောက်ကမ်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီး ပစ်သံတွေလည်း ကြားခဲ့ရတယ်။ လက်နက်ငယ်သံရောပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ညနေ ၅နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်က နှစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ကလည်း လက်လုပ်သေနတ် ယမ်းမတော်တဆဖြစ်ကာ တစ်ဦးဒဏ်ရာရသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ လယ်သစ်ကျေးရွာအနောက်ကမ်းသို့ ဇွန်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပြီး လယ်သစ်အရှေ့ကမ်းသို့ […]

ပုလော ကျောင်းနိမ့်ရွာတိုက်ပွဲ ပြည်သူ့ကာကွယ်ရေးတပ်မှ တစ်ဦးကျဆုံး၊ နှစ်ဦးဒဏ်ရာရ

diz_admin

June 14, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်အရှေ့ခြမ်း ကျောင်းနိမ့်ကျေးရွာတိုက်ပွဲအတွင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးသွားပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း ပုလောပြည်သူ့ကာကွယ်ရေးအင်အားစု (PPDF) က ယနေ့ ထုတ်ပြန်သည်။ ဇွန်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲမှစတင်ကာ စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး ပုလောပြည်သူ့ကာကွယ်ရေးအင်အားစုက တပ်သား ရဲဘော်ဝမ်ချိုင်း ကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းအပြင်တိုက်ပွဲအတွင်း ကျောင်းနိမ့်ရွာရှိ နေအိမ် ၇ လုံးနှင့် ဆိုင်ကယ်လေးစီး မီးရှို့ခံခဲ့ရကြောင်း ဒေသခံများက ပြောဆိုသည်။ စစ်ကောင်စီတပ်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု PPDF က ထုတ်ပြန်ထားသည်။ ယင်းရွာသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ဇွန်လ ၁၃ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပုလောမြို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောင်းနိမ့်၊ ဂျက်ဂါ၊ မှော်မိစသည့်ရွာများမှ ဒေသခံများထွက်ပြေးခဲ့ရကြောင်း ဒေသခံများက […]