တကူတွင် ဒေသခံ ၄၀ ခန့်ဖမ်းဆီးခံရပြီး ၂ ဦးသေနတ်ဖြင့် ပစ်ခံရ
diz_admin
August 8, 2022မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စု၊ ကော်တောရွာတွင် ဒေသခံရွာသား ၄၀ ခန့်ဖမ်းဆီးခံရပြီး သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ၂ ဦးဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများ ထံမှသိရသည်။ သြဂုတ်လ ၈ရက်နေ့ နံနက် ၆ နာရီတွင် ကော်တောကျေးရွာအတွင်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့ပြီးနောက် စစ်ကောင်စီတပ် ဝင်ရောက်လာကာ ကျေးရွာရှိ အမျိုးသား၊ အမျိုးသမီး ၄၀ ခန့်ကို ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ ကိုဘသော်ဆိုသူမှာ သေနတ်ထလုသဖြင့် အပစ်ခံရခြင်းဖြစ်ပြီး ဝမ်းဗိုက်၊လက်မောင်း၊ ပေါင်တွင်တစ်ချက်စီ အပစ်ခံရခြင်းဖြစ်ကြောင်း၊ မတူးဆိုသည့် အမျိုးသမီးတစ်ဦးလည်း ထွက်ပြေးသဖြင့် သေနတ်ဖြင့် ပစ်ခံရပြီး ခြေထောက်တွင် ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှသိရသည်။ “နှစ်ဦးစလုံးကို အရေးပေါ်ကားနဲ့ တင်သွားကြတယ်”ဟု ဒေသခံအမျိုးသမီးက ပြောသည်။ သေနတ်ထလုသဖြင့် ပစ်ခတ်ခံရသူမှာ ဘသော်ဖြစ်ပြီး မူးယစ်ဆေးသုံးစွဲခြင်းကြောင့် စိတ်မူမမှန်ကြောင်း […]