စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်၍ တနင်္သာရီတွင် နေအိမ်သုံးဆောင်ပျက်စီးပြီး ဒေသခံနှစ်ဦးဒဏ်ရာရ
Dawei Watch
November 27, 2024တနင်္သာရီမြို့နယ်၊ ကတော့ကမ်းကျေးရွာတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုကြောင့် နေအိမ်သုံးဆောင်ပျက်စီးသွားပြီး အရပ်သားနှစ်ဦးဒဏ်ရာရသွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။ နိုဝင်ဘာလ ၂၆ ရက် ညနေ ၃ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က မော်တုန်းကျေးရွာအုပ်စု ကတော့ကမ်းကျေးရွာကို ၈၁ မမ အမျိုးအစား ဒရုန်းဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကဆိုသည်။ ထိုသို့ တိုက်ခိုက်မှုကြောင့် ကတော့ကျေးရွာရှိ အသက် ၅၅ နှစ် နှင့် ၂၃ နှစ်အရွယ် အမျိုးသားနှစ်ဦး ဒဏ်ရာရသွားကြောင်း မြိတ်ခရိုင် တပ်ရင်း ၂ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “ငါးဆယ်ငါးနှစ်အရွယ် အမျိုးသားက လက်မောင်းမှာဖောက်ထွက်ဒဏ်ရာ အရိုးလွတ်တယ်။ ၂၃ နှစ်အရွယ် တစ်ယောက်ကတော့ ခြေသလုံးမှာ […]