လယ်သစ်စစ်ဘေးရှောင်နှစ်ထောင်ခန့်ရိက္ခာအကူအညီလိုအပ်
diz_admin
December 5, 2022တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာမှ စစ်ဘေးရှောင်နေရသူ နှစ်ထောင်ခန့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေကြောင်း စစ်ရှောင်များထံမှသိရသည်။ နိုဝင်ဘာ ၂၃ ရက်နေ့က လယ်သစ်အနောက်ကမ်းသို့ ပျူစောထီးပါဝင်သည့် စစ်ကောင်စီတပ်များ ထိုးစစ်ဆင်လာသည့်အတွက် ရွာသားများ ဘေးလွတ်ရာ တောတောင်အတွင်း တိမ်းရှောင်ခဲ့ကြရသည်။ နိုဝင်ဘာ ၂၅ မှ နိုဝင်ဘာ ၂၇ အထိ လယ်သစ်ရွာတွင် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် နိုဝင်ဘာ ၂၈ ရက်နေ့တွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွါခဲ့ကြသည်။ ယင်းနောက် ဒီဇင်ဘာ ၂ ရက်ခန့်မှစပြီး ရွာသားတစ်ချို့ ရွာအတွင်းပြန်ဝင်ကာ နေထိုင်ခဲ့ကြသော်လည်း ယနေ့ (ဒီဇင်ဘာ ၅) ရက် နံနက်တွင် စစ်ကြောင်း ပြန်ထိုးလာသည်ဟု ကြားရပြန်သဖြင့် ရွာနှစ်ရွာရှိ ရွာသားအားလုံး တောအတွင်း ပြန်လည်ပြေးဝင်ခဲ့ကြရပြန်ကြောင်း ဒေသခံများကပြောသည်။ “ခဏခဏ […]