ပလမြို့ရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ
diz_admin
December 9, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) က ဒီဇင်ဘာလ ၈ရက်ညနှင့် ယနေ့ ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းတို့တွင် လာရောက်ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။ ပလမြို့ရဲစခန်းအား ယနေ့နံနက် ၁၁ နာရီဝန်းကျင်က လာရောက်ကာ ၁၅ မိနစ်ခန့်ကြာ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ရဲစခန်းကို လာပစ်တာ သေနတ်သံတွေ ဆူညံနေတယ်။ ဆေးရုံနားက (ရပ်ကွက်အုပ်ချုပ်ရေးမှူး) ရုံးဟောင်း တစ်ခုကိုလည်း ဖောက်ခွဲ သွားတယ်။ အသေအပျောက်တော့ မကြားရသေးဘူး” ဟု ပလမြို့ဒေသခံ အမျိုးသမီး တစ်ဦးက ပြောဆိုသည်။ ပြီးခဲ့ညကလည်း ပလမြို့ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ လာဝိုင်းခဲ့သေးပြီး ပစ်ခတ်မှုများ ဖြစ်သေးကြောင်း ဒေသခံများက ဆိုသည်။ “ညက တစ်ညလုံးမအိပ်ရဘူး။ သေနတ်သံတွေ၊ လက်နက်ကြီးသံတွေကြောင့် […]