တိုက်ပွဲများဖြစ်နေ၍ တနင်္သာရီမြို့ရှိ ဒေသခံများ စစ်ဘေးရှောင်နေရ
diz_admin
January 2, 2023စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများပြန်ဖြစ်နေ၍ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခန့်က တနင်္သာရီမြို့၊ ဗောဓိကမ်းတံတားတွင် စစ်ကောင်စီတပ်သားတစ်ချို့ တိုက်ခိုက်ခံရပြီးနောက် နံနက် ၈ နာရီတွင် စစ်ကောင်စီတပ်များ ဘန်လောကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများကဆိုသည်။ ယင်းကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံများကဆိုသည်။ “တိုက်ပွဲက (မနေ့)နံနက်ကစဖြစ်တာ နေ့လယ် ၂ နာရီလောက်မှ အသံစဲတယ်။ ခြောက်မိုင်လမ်းဆုံနားမှာ ပိုကြမ်းတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်လို့အကုန်ထွက်ပြေးကြရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့်အတွက် ဗောဓိကမ်း၊ ညောင်ပင်ကွင်း၊ ဘန်လော၊၆ မိုင်၊ ထုံတွန်နှင့် ပျို့အိုင် စသည့်ရွာများနေ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း […]