မြိတ်တွင် အုပ်ချုပ်ရေးမှူးများ တစ်ပတ်အတွင်းနုတ်ထွက်ရန် နောက်ဆုံးအကြိမ်သတိပေးသည်ဟု ပကဖဆို
diz_admin
January 6, 2023မြိတ်တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများ တစ်ပတ်အတွင်း နုတ်ထွက်ပေးရန် သတိပေးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။ ယခုတစ်ကြိမ်မှာ နောက်ဆုံးအနေဖြင့် သတိပေးခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သတိပေးသည်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေလျှင် အဆိုပါပုဂ္ဂိုလ်များ၏ အသက်အန္တရာယ်ကို အာမခံမည် မဟုတ်ပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၂၀၂၂ နှစ်ဆန်းပိုင်းတွင်လည်း မြိတ် (ပကဖ) က နုတ်ထွက်ကြရန် သတိပေးသည့် အလားတူ ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ခဲ့ဖူးသည်။ ယင်းသို့ထုတ်ပြန်ပြီးနောက် ၂၀၂၂ ဖေဖော်ဝါရီလမှစတင်ကာ ဩဂုတ်လကုန်အထိ မြိတ်မြို့နေရာအနှံ့တွင် ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ဆယ်ကြိမ်ထက်မနည်း ရှိခဲ့သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြိတ်မြို့၊ […]