မော်တုန်းရွာနေ ပရဟိတသမားတစ်ဦး ဖမ်းဆီးခံရ
Dawei Watch
August 14, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာတွင် နေထိုင်သည့် ပရဟိတသမားတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ်က အင်အားတရာခန့်ဖြင့် ဩဂုတ်လ ၁၂ ရက် နံနက်က အရှေ့မော်တုန်းကျေးရွာသို့ အုပ်စုခွဲ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲက အရှေ့မော်တုန်းကျေးရွာ၊ အနောက်စုရပ်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် ပရဟိတလုပ်နေသူ ဦးဇော်မင်းဦး (ခေါ်) ယာငယ်ကို စရဖ အပါအဝင် စစ်ကောင်စီတပ်က နေအိမ်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။ အဖမ်းခံရသူသည် ချစ်ကြည်ရေး ပရဟိတအသင်းတွင် လုပ်ကိုင်နေကြောင်း ရွာသားများက ပြောဆိုသည်။ စစ်ကောင်စီတပ်သည် ရွာသားငါးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် လေးဦးကို ပြန်လွှတ်ခဲ့ပြီးနောက် ဦးဇော်မင်းဦးကို ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း […]


