ပုလော၊ ရှပ်ပုံရွာတွင် နေအိမ်အချို့မီးရှို့ခံနေရ
diz_admin
January 19, 2023မြိတ်ခရိုင်၊ ပုလောမြို့အနီး ရှပ်ပုံကျေးရွာတွင် ယနေ့ နံနက်ပိုင်းမှစတင်ကာ နေအိမ်အချို့ မီးရှို့ခံနေရကြောင်း ဒေသခံများထံမှ သိရသည်။ ရှပ်ပုံရွာ၊ ရွာဖျားရပ်ကွက်တွင် ယနေ့ ဇန်နဝါရီလ ၁၉ရက် နံနက် ၁၀ နာရီ ၄၀ မိနစ်ဝန်းကျင်မှစတင်ကာ မီးလောင်ကျွမ်းနေသည်ကို စတင်တွေ့မြင်ရကြောင်း ဒေသခံများက ပြောသည်။ “ရွာဖျားရပ်ကွက်မှာ ခုစပြီးရှို့နေတာ။ မီးခိုးလုံးတွေ အများကြီးပဲ။ အိမ်ဘယ်နှစ်ဆောင်ဆိုတာ မမှန်းတတ်ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက Dawei Watch သို့ ပြောသည်။ ရှပ်ပုံရွာသည် ပုလောမြို့ထက် ကျယ်ဝန်းပြီး အိမ်ခြေနှစ်ထောင်ကျော်ရှိသည့် ကျေးရွာကြီးဖြစ်သည်။ ရှပ်ပုံကျေးရွာတွင် ဇန်နဝါရီလ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားပြီးနောက် နှစ်ဖက်စစ်ရေးတင်းမာနေကာ ဒေသခံရွာသား အချို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အများစုမှာ ရွာအတွင်း ပိတ်မိနေကြဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ […]