ဘုတ်ပြင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းမှူးအငြိမ်းစားနှင့် အမျိုးသားတစ်ဦး အဖမ်းခံရ
diz_admin
February 6, 2023ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရဲစခန်းမှူးအဖြစ်တာဝန်ကျခဲ့ပြီး လက်ရှိတွင်အငြိမ်းစားယူကာ ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမောင်မောင်နှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံရ ကြောင်း ဒေသခံများထံမှ သိရသည်။ ဦးမောင်မောင်နှင့် ဦးသောင်းညွန့်ဆိုသူတို့ကို အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖေဖော်ဝါရီလ ၅ရက် မွန်းလွဲပိုင်း တွင် ဘုတ်ပြင်းမြို့နယ်၊ ထင်းမယ်ရွာအနီး၌ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “ဖမ်းသွားတဲ့ဖြစ်စဉ်က အမှန်ပဲ။ ဘယ်အဖွဲ့က ဖမ်းသွားတယ်ဆိုတာပဲ သေချာမသိသေးတာ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ အသက် ၆၀ ကျော်အရွယ် ဦးမောင်မောင်သည် လက်ရှိတွင် ချောင်းကဖဲ့ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ အသက် ၅၀ ဝန်းကျင်အရွယ် ဦးသောင်းညွန့်မှာ ဘုတ်ပြင်းမြို့နယ်၊ တောင်ငယ်ရွာတွင် နေထိုင်သူဖြစ်ကာ ယခင်က ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်း ဖြစ်ပြီး မီးသွေးရောင်းဝယ်သည့် အလုပ်လုပ်ကိုင်နေကြောင်း ဒေသခံအချို့က ပြောသည်။ […]