အာဏာသိမ်းပြီးနောက် မြိတ်တွင် ဆန်ကြမ်းဈေးသုံးဆကျော်မြင့်တက်
diz_admin
February 11, 2023အာဏာသိမ်းပြီး ၂နှစ်ကျော်အကြာ မြိတ်ကုန်စည်ဈေးကွက်တွင် ဆန်ကြမ်းဈေး သုံးဆကျော်မြင့်တက်လာကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။ အာဏာမသိမ်းမီက ဆန်ကြမ်းတစ်ပြည်လျှင် ၈၀၀ မှ ၉၀၀ ကျပ်နှုန်း ၂၄ ပြည် တစ်အိတ်လျှင် ၁၉၂၀၀ ကျပ်မှ ၂၁၆၀၀ ကျပ် သာရှိခဲ့ကြောင်း ဆန်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ အာဏာသိမ်းပြီး ၂နှစ်ကျော်အကြာတွင် တစ်ပြည်လျှင် ၂၇၀၀ ကျပ်နှုန်း တစ်အိတ်လျှင် ၆၄၈၀၀ ကျပ်အထိ မြင့်တက် သွားကြောင်း ၎င်းတို့က ဆိုသည်။ “ဆန်ကြမ်းတစ်ခုတည်း မဟုတ်ဘူး။ ဆန်အားလုံးတက်တာ” ဟု ဆန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြော သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမအပတ်အထိ ၂၄ ပြည်ပါ ဆန်ကြမ်းတစ်အိတ်လျှင် ၅၆၀၀၀ ကျပ်သာရှိခဲ့ရာမှ ဒုတိယ အပတ်မှစပြီး ၆၄၈၀၀ ကျပ်အထိ မြင့်တက်လာခဲ့ကြောင်း […]