ကဒဲရွာစီးနင်းခံရမှုတွင် ကျဆုံးသူမရှိဟု PDF ပြော၊ အဖမ်းခံရသူ ၁၃ဦး ကယ်နိုင်ခဲ့သည်ဟု စစ်ကောင်စီဆို
diz_admin
February 17, 2023ပုလောမြို့နယ် ကဒဲရွာစီနင်းတိုက်ခိုက်ခံရမှုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်က ကျဆုံးသူမရှိကြောင်း ပြောဆိုပြီး စစ်ကောင်စီဘက်ကမူ ဖမ်းဆီးခံထားရသူ ၁၃ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက်က ကဒဲရွာသို့ စစ်ကောင်စီတပ်က အင်အားသုံးဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှ နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့၍ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆုတ်ခွာပေးခဲ့ရသည်။ ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ငါးဦးကျဆုံးကာ သေနတ်သုံးလက်အပါအဝင် ဆက်စပ်ပစ္စည်း များ သိမ်းဆည်းရမိကြောင်း စစ်ကောင်စီဘက် ထောက်ခံရေးသားလေ့ရှိသူများက လူမှုကွန်ရက်တွင် ရေးသားဖြန့်ဝေခဲ့ကြသည်။ မြိတ်ခရိုင်၊ တပ်ရင်း (၁) ၊ ပုလောပြည်သူ့ကာကွယ်ရေတပ်မတော် (PPDF) ပြန်ကြားရေးဌာနကမူ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ကျဆုံးသူမရှိဘဲ တစ်ဦးသာ ထိခိုက်ဒဏ်ရာရကြောင်း တုံ့ပြန်ထားသည်။ “ကျွန်တော်တို့ဘက်က အကျအဆုံးမရှိပါဘူး။ ရဲဘော်တစ်ဦးပဲ အနည်းငယ်ထိခိုက်ဒဏ်ရာရသွားတယ်” ဟု အဆိုပါဌာနမှ တာဝန်ခံက ပြောသည်။ PPDF က […]