မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းပေါ် ပစ်ခတ်မှုဖြစ်ပြီး လေးနာရီခန့်လမ်းပိတ်ခဲ့
diz_admin
December 14, 2022မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမပေါ် ယနေ့ နံနက် ၉ နာရီဝန်းကျင်က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး လေးနာရီအကြာ လမ်းပိတ်မိခဲ့သည်ဟု ကားသမားများကပြောသည်။ မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပေါ် မော်တုံးနှင့် ဘန်းလမွတ်ကျေးရွာအနီးတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး မြိတ်မှလာသည့် ကုန်တင်ကား၊ခရီးသည်တင်ကား အပါအဝင်ယာဥ်အားလုံးကို နံနက် ၈ နာရီခွဲခန့်မှစပြီး သွားခွင့်မပေးတော့ဘဲ မွန်းတည့် ၁၂ အထိစောင့်ဆိုင်းခဲ့ရသည်ဟု ကားသမားများ ကပြောသည်။ “ဇဝဲရွာမှာ ပိတ်မိနေတာ ကားတန်းကအရှည်ကြီးပဲ။ ရှေ့မှာတိုက်ပွဲဖြစ်နေတယ်လို့ပဲ သိရတယ်။ ကျန်တာမသိရဘူး”ဟု မြိတ်-ကော့သောင်းသို့သွားသည့် ကားသမားတစ်ဦးကပြောသည်။ မြိတ်နှင့်တနင်္သာရီမြို့အကြား မော်တုံးကျေးရွာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရသည်ဟု ကြားသိရပြီး ၅၅၆ အမြှောက်တပ်မှလည်း မော်တုံးကျေးရွာအောက်ဖက် ဘန်းလမွတ်ကျေးရွာနှင့် ယမ်းဖိုကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ကို ကြားရသည်ဟု ဇဝဲကျေးရွာနေ အမျိုးသမီး ကပြောသည်။ “ပျူစောထီးတွေ သေတယ်လို့ကြားရတယ်။ ကျွန်မတို့လည်း အတိအကျမသိဘူး”ဟု […]