မြိတ်တွင် အမျိုးသားနှစ်ဦးအတူစီးနင်းလျှင် ဆိုင်ကယ် ၁၅ ရက်ကြာသိမ်းဆည်းခံရ
diz_admin
March 7, 2023မြိတ်တွင် ယခုရက်ပိုင်းအတွင်း အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်တို့အား ပြန်လည်ဖမ်းဆီးနေပြီး ဆိုင်ကယ်လည်း ၁၅ ရက်ကြာ သိမ်းဆည်းခံရကြောင်း ဆိုင်ကယ်ဖမ်းဆီးခံခဲ့ရသည့် မြို့ခံအချိုက ပြောသည်။ အမျိုးသားနှစ်ဦးအတူစီးနင်းသည့် ဆိုင်ကယ်တို့အား စစ်ကောင်စီ၊ ပျူစောထီးတို့က အိမ်စီးမော်တော်ယာဉ်များဖြင့် ရပ်ကွက်တို့ရှိ လမ်းများအတွင်း လိုက်လံဖမ်းဆီးနေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ဆိုင်ကယ်နှစ်ယောက်စီးလို့ ဖမ်းတာ။ လိုင်စင်လည်းရှိတယ်။ သွားထုတ်တော့ ဆယ့်ငါးရက်ကြာမှ လာထုတ်လို့ ပြောလိုက်တယ်” ဟု မတ်လ ၄ ရက်က ဖမ်းဆီးခံခဲ့ရသည် ဆိုင်ကယ်ပိုင်ရှင်တစ်ဦးက ပြောသည်။ မြိတ်မြို့တွင် အမျိုးသားနှစ်ဦးအတူစီးသည် မော်တော်ဆိုင်ကယ်တို့အား ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ဆက်တိုက်ဖမ်းဆီးခဲ့သည်။ ယင်းနောက် ဖေဖော်ဝါရီလတွင် ဖမ်းဆီးမှုမရှိတော့ဘဲ မတ်လအစပိုင်းမှစတင်ကာ ပြန်လည်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုသည်။ “ဆိုင်ကယ်ဖမ်းမိထားတာ နှစ်ရက်ရှိပြီ။ ရက်ချိန်းပြန်ပေးလိုက်တယ်။ နောက်ဆယ့်ငါရက်ကြာမှပေါ့။ ဆိုင်ကယ်လိုင်စင် […]