ပုလောတွင် စစ်ကောင်စီတပ်က အထက်တန်းကျောင်းသားများကိုပါ ပေါ်တာဆွဲနေ
Dawei Watch
December 15, 2024စစ်ကောင်စီတပ်က ပုလောမြို့ရှိ အရပ်သားလူငယ်အများအပြား ဖမ်းဆီးခေါ်ဆောင်သွားရာ အခြေခံပညာ ကျောင်းသားများလည်းပါသွားကြောင်း မြို့ခံများနှင်ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်က ပုလောမြို့ပေါ်ရပ်ကွက်များနှင့် ရှပ်ပုံကျေးရွာနေ လူငယ်အများအပြားကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခဲ့ကြောင်း ၎င်းတို့ကပြောသည်။ ယင်းနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ပုလောတံတားထိပ်၌ လူငယ်များကိုဖမ်းဆီးခဲ့ပြီး ပုလောမြို့ပေါ် ရပ်ကွက်များတွင်လည်း ထပ်မံဖမ်းဆီးခဲ့ကြောင်း ပုလောမြို့နေ အမျိုးသမီးတစ်ဦးက ဆိုသည်။ ထို့နောက် ညပိုင်းတွင်လည်း ထပ်မံဖမ်းဆီးခဲ့ရာ Grade 12 အတန်းတက်ရောက်နေသည့် အထက်တန်းကျောင်းသားနှစ်ဦးလည်း ပါသွားကြောင်း ၎င်းက ပြောသည်။ “တစ်နေ့တည်းဖမ်းတာ အယောက်ခြောက်ဆယ်လောက်ရှိတယ်။ ကျောင်းသားနှစ်ယောက်လည်းပါသွားတယ်။ ကလေးတွေက အရပ်ဝတ်နဲ့ကျူရှင်သွားတာပါ။ ကျောင်းသားတွေတောင် အလွတ်မပေးဘူး”ဟု အထက်ပါ မြို့ခံအမျိုးသမီးက ဆိုသည်။ အဖမ်းခံရသည်အရပ်သားလူငယ်များတွင် အသက်၁၃ နှစ်အရွယ်မှ ၃၅ နှစ်အရွယ်အထိ ပါဝင်နေကြောင်း […]