လယ်သစ်ရွာ လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ၊ ကလေးငယ်တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရ
diz_admin
March 10, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး နောက်ထပ်အရပ်သား အမျိုးသား၊ အမျိုးသမီးရှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၇ နာရီခွဲဝန်းကျင်တွင် တနင်္သာရီမြို့အနီး စစ်ကောင်စီအမြှောက်တပ်က လယ်သစ်အရှေ့ကမ်းရွာအား လက်နက်ကြီး ၁၃ ကြိမ် ပစ်ခတ်ပြီး သုံးလုံးသည် လူနေအိမ်အပေါ်ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။ “ကလေးက ရင်ဘတ်မှာထိပြီး ပွဲချင်းပြီးသေတာ။ ဒီနေ့မွန်းလွဲမှာပဲ (မြေ) မြှုပ်လိုက်ပြီးပြီ။ ကျန်တာတော့ အသက်ကြီးရွယ်အိုတွေ ထိတာများတယ်” ဟု လယ်သစ်ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ သေဆုံးခဲ့သည့် ကလေးငယ်၏မိဘများမှာ ထိုင်းနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်နေပြီး အဖိုးအဖွားများနှင့် နေထိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဒဏ်ရာရသူများတွင် အသက် ၆၀ ကျော်အရွယ် ဒေါ်သိန်းရီ၊ […]