စစ်ကြောင်းထိုးလာသဖြင့် တကူရွာသားများ ထွက်ပြေးတိမ်းရှောင်
diz_admin
March 16, 2023စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီမြို့နယ်၊ တကူကျေးရွာအုပ်စုဖက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် တကူရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မတ်လ ၁၆ ရက် နံနက်ကစပြီး ဘန်းလမွတ်ရွာဖက်မှ တကူကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာနေပြီး လမ်းတစ်လျှောက် လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်လာနေကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီးတွေနဲ့ပစ်ပြီး ရှေ့တိုးလာနေတယ်။ အခုထိလက်နက်ကြီးပစ်နေတုန်း” ဟု တကူကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ယနေ့ညနေ ၄ နာရီခွဲက ပြောဆိုသည်။ စစ်ကြောင်းထိုးလာပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့် လမ်းကြောင်းရှိ ဘန်းလမွတ်ကျေးရွာအုပ်စုအတွင်းရှိ ကွမ်းသီးခြံနှင့် တဲ နှစ်လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ပြီး ခြံပိုင်ရှင်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟုဒေသခံများက ဆိုသည်။ “ရွာမှာတော့ လူထက်ဝက်ကျော်လောက်တော့ ပြေးကုန်ကြပြီ။ မပြေးတဲ့သူလည်း မပြေးသေးဘူး။ […]