စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံများ မီးရှို့ခံရပြီး အရပ်သားနှစ်ဦးလည်း ပစ်သတ်ခံရ
diz_admin
March 28, 2023မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးစဉ် ဥယျာဉ်ခြံများကို မီးရှို့ခဲ့ပြီး အနည်းဆုံး အရပ်သားနှစ်ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီတပ်သည် မတ်လ ၂၄ ရက်က ပုလောမြို့နယ်ရှိ နန်းတောင်ကျေးရွာအုပ်စုနှင့် ပုလောကုန်းကျေးရွာအုပ်စု များသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး လမ်းကြောင်းတစ်လျှောက်ရှိ ရော်ဘာခြံများနှင့် ဒူးရင်းခြံများကို မီးရှို့ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ မီးရှို့ခံရမှုကြောင့် နန်းတောင်ဘုန်းကြီးကျောင်းအနီးမှ ဂျင့်ဂါရွာအနီးအထိ ရော်ဘာခြံနှင့် ဒူးရင်းခြံများ မီးလောင်ဆုံးရှုံးသွားပြီး အနည်းဆုံး ဧကငါးဆယ်ဝန်းကျင် ရှိနိုင်ကြောင်း ဂျင့်ဂါရွာသားတစ်ဦးက ပြောဆိုသည်။ စစ်ကြောင်းထိုးစဉ် အနီးအနားကျေးရွာများသို့ လက်နက်ကြီးများဖြင့် နေ့ည အဆက်မပြတ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီး ကျည်များ ရွာအတွင်းကျရောက်သည့်အတွက် ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ပိန္နဲတောင်၊ ဆားခဲနှင့် မင်းဝင်းကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ […]