မြိတ်-ကော့သောင်းလမ်းတွင် ခရီးသည်တင်ကား အပစ်ခံရပြီး ကလေးတစ်ဦးနှင့်အမျိုးသမီးတစ်ဦးသေဆုံး
diz_admin
April 2, 2023ရန်ကုန်မှကော့သောင်းဘက်သို့သွားသည့် မြတ်မန္တလာခရီးသည်တင်ကား တနင်္သာရီမြို့အထွက် ဆင်ခြေဖုံးအုပ်စု၊လယ်တောင်ရွာနှင့်တမုတ်ချုံးရွာအကြားတွင် ပစ်ခတ်ခံရကြောင်း ဒေသခံများနှင့် ကားသမားအချို့ထံမှသိရသည်။ ဧပြီ ၁ ရက် ည ၈ နာရီဝန်းကျင်က ပစ်ခတ်ခံရခြင်းဖြစ်ပြီး ကားပေါ်လိုက်ပါလာသည့် အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးနှင့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါးနှင့်အမျိုးသား ၂ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံနှင့်ကားသမားတို့ကပြောသည်။ “ချောင်းဇောက် ရော်ဘာတောအနီး အပစ်ခံရတယ်။ အမျိုးသမီးကြီးတစ်ဦးနဲ့ ကလေးတစ်ယောက်သေတယ်လို့ ကြားရတယ်”ဟု မြိတ်-ကော့သောင်း ကားသမားတစ်ဦးကပြောသည်။ သေဆုံးသူနှစ်ဦးမှာ ကော့သောင်းနှင့်ကျွန်းစုမြို့နယ်ဘက်မှ ဒေသခံများဖြစ်ကြသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။ မြတ်မန္တလာထွန်း ခရီးသည်တင်ကား ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိသည်ဟု ကနဦးကြားရသော်လည်း မြိတ်ကားဝင်းမှ ထွက်သွားသည့်ကားမဟုတ်သဖြင့် တိတိကျကျမသိရှိရသေးဟု မြိတ်အဝေးပြေးကားဝင်းမှ တာဝန်ရှိသူကဆိုသည်။ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး မြတ်မန္တလာထွန်း […]