ပုလော၊ဝက်တိုးရွာ လက်နက်ကြီးကျပြီး ကလေးငယ်များအပါအဝင် ရွာသားရှစ်ဦးဒဏ်ရာရ
diz_admin
April 5, 2023မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ဝက်တိုးကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ကလေးသုံးဦးအပါအဝင် ရွာသားရှစ်ဦး လက်နက်ကြီးအစ ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောကုန်းကျေးရွာအုပ်စု၊ ဝက်တိုးရွာသို့ ယနေ့နံနက် ၁၀ နာရီဝန်းကျင်က တစ်မိုင်တောင်ရှိ စစ်ကောင်စီတပ်မှ လက်နက်ကြီး လေးလုံးပစ်ခတ်ခဲ့ပြီး နှစ်လုံးမှာ ရွာအလယ်စာသင်ကျောင်းအနီးတွင် ပေါက်ကွဲခဲ့သည်။ ယင်းပေါက်ကွဲမှုကြောင့် ကလေးငယ်သုံးဦး၊ အမျိုးသမီးနှစ်ဦး၊ အမျိုးသားသုံးဦးတို့ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဆေးရုံတွင် ကုသနေရသည်ဟု ဒေသခံများကပြောသည်။ “နှစ်လုံးဆက်တိုက်လာကျတာ။ အမျိုးသမီးတစ်ယောက်နဲ့ ကလေးငယ်တစ်ယောက်က အခြေအနေ တော်တော်ဆိုးရွားနေတယ်။ သေဖို့လမ်းကများနေပြီ”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ မနေ့ည ၁၀ နာရီခန့်ကတစ်ကြိမ်၊ မနက်အစောကြီးတစ်ကြိမ်နှင့် ယနေ့နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် ပုလောကုန်းအုပ်စု ကျေးရွာများဘက်သို့ […]