တနင်္သာရီ၊ ကမ်းတိုရွာတွင် နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံရ
diz_admin
April 9, 2023မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ဘန်းလမွှတ်ကျေးရွာအုပ်စု၊ ကမ်းတိုရွာတွင် နေအိမ် ၇ လုံးထက်မနည်း မီးရှို့ခံရကြောင်း ဒေသခံများကပြောသည်။ ဧပြီလ ၈ ရက်နေ့တွင် မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမ ကမ်းတိုရွာရှိနေအိမ် ၇ လုံးကို စစ်ကောင်စီနှင့်ပျူစောထီးများက မီးရှို့သွားသည်ဟု ဒေသခံများကပြောသည်။ “မီးရှို့ခံရတဲ့ အိမ်တွေက လူမနေတာကြာပြီ။ ဘန်းလမွှတ်အုပ်စုထဲက ရွာတွေ က တိုက်ပွဲကြောင့် အကုန်ထွက်ပြေးနေကြရတာ”ဟု ဒေသခံအမျိုးသားကပြောသည်။ ကမ်းတိုရွာသည် အိမ်ခြေ ၃၀ ဝန်းကျင်သာရှိသည့် ရွာငယ်လေးတစ်ရွာဖြစ်ပြီး ယင်းအနီးအနားရှိ ပနပ်ငယ်၊ငါးရံ့အင်းရွာဟောင်း၊ ကဒဲလိပ်၊ ညောင်ပင်ကုန်း၊ရေခမ်းချောင်း စသည့် ကျေးရွာများမှ ပြည်သူ ၅၀၀ ဝန်းကျင်သည်လည်း အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြရကြောင်း စစ်ရှောင်ကူညီပေးနေသည့် အဖွဲ့များ ထံမှသိရသည်။ ဘန်းလမွှတ်ကျေးရွာအုပ်စုအတွင်း ပြည်ထောင်စုလမ်းပေါ်တွင် ဧပြီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့တွင် စစ်ကောင်စီကား […]