မြိတ်-တနင်္သာရီကားလမ်းတွင် ၅ ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်
diz_admin
April 12, 2023မြိတ်-တနင်္သာရီပြည်ထောင်စု ကားလမ်းပေါ်တွင် ၅ ရက်အတွင်း တိုက်ပွဲသုံးကြိမ်ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်အရသိရသည်။ ဧပြီလ ၄ ရက်၊ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် ကြားဖြတ်တိုက်ခိုက်မှု သုံးကြိမ်ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ ဧပြီလ ၄ ရက်နေ့တွင် မြိတ်ဘက်မှ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် ဆယ်ဘီးကားကို ဘန်းလမွှတ်ကျေးရွာအုပ်စုအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဧပြီလ ၇ ရက်နေ့တွင်လည်း စစ်ကောင်စီနှင့်ပျူစောထီးများ စီးနင်းလာသည့် မော်တော်ဆိုင်ကယ်များကို ထပ်မံတိုက်ခိုက်ခဲ့ပြီး ဧပြီ ၈ ရက်နေ့တွင် ချောင်းညီကို ရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုများသည် ဘန်းလမွှတ်ကျေးရွာအုပ်စုရှိ မြိတ်-တနင်္သာရီပြည်ထောင်စု လမ်းပေါ်တွင် ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုသုံးကြိမ်အတွင်း စစ်ကောင်စီဖက်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပြီး ပြည်သူ့ကာကွယ်ရေး မဟာမိတ်ဖက်မှ ထိခိုက်ကျဆုံးသူမရှိကြောင်း ထုတ်ပြန်ချက်များအရသိရသည်။ […]