BREAKING
April 28, 2025

မြိတ်

မြိတ်တွင် ကမ်းနီးလှေများအား အစစ်အဆေးတင်းကျပ်

diz_admin

April 20, 2023

မြိတ်မြို့တွင် သင်္ကြန်ကာလပြီးနောက် လုပ်ငန်းခွင်ပြန်ဝင်ကြသည့် ကမ်းနီးလှေများအား အစစ်အဆေးတင်းကျပ်နေပြီး အထောက်အထားမစုံလျှင် ငါးဖမ်းခွင့်မပြုကြောင်း ကင်းနီးလှေလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။ အဆိုပါကမ်းနီးလှေများတွင် လှေလိုင်စင်၊ စက်လိုင်စင်တို့အား အဓိကထားပြီး စစ်ဆေးခံနေရကြောင်း ၎င်းတို့က ဆိုသည်။ “လှေဂရန်၊ စက်ဂရန်စုံတဲ့လှေတွေ‌က ထွက်ကုန်ကြပြီ။ လှေမှာက စက်ဂရန် သက်တမ်းကုန်နေလို့ ပြန်လုပ်နေရ သေးတယ်” ဟု ပိုင်လှေ (ငါးရွှေပိုက်) လှေပိုင်ရှင်တစ်ဦးက ပြောသည်။ ကမ်းနီးလှေများတွင် လှေလိုင်စင်၊ စက်လိုင်စင် စစ်ဆေးခြင်းအား မြို့အထွက်နှင့် ပင်လယ်ထဲရှိ ငါးဖမ်းလုပ်ငန်းခွင်များအထိ လာရောက်စစ်ဆေးနေကြောင်း ၎င်းက ပြောဆိုသည်။ “စစ်တာက ရေတပ်ရော၊ ရဲရောပါတယ်” ဟု ၎င်းက ဆိုသည်။ ယင်းကဲ့သို့ အစစ်အဆေးတင်းကျပ်ခြင်းကို ယခင်က မကြုံတွေ့ဖူးကြောင်း ကင်းနီးလှေပိုင်ရှင်အချို့က ပြောသည်။ “ငါးဖမ်းလာတာ နှစ် နှစ်ဆယ်ကျော်ပြီ။ ဒီလိုမျိုးတစ်ခါမှ […]

တိုက်ပွဲ‌ကြောင့် မြိတ်-မောတောင် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ရပ်နားထားရဆဲ

diz_admin

April 18, 2023

တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပေါ်မှုကြောင့် မြိတ်-မောတောင် ခရီးသည်တင်ယာဉ်လိုင်းများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ရပ်နားထားရဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လကုန်ပိုင်းက ‌တနင်္သာမြို့နယ်အတွင်း တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားခြင်း၊ ဧပြီလ ၄ ရက်နှင့် ၅ ရက် တို့တွင် မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းမရှိ တနင်္သာရီမြို့နယ် ဘန်းလမွတ်ရွာအနီးနှင့် ရမ်းဖိုရွာတံတားတို့တွင် စစ်ကောင်စီယာဉ်တို့အား မိုင်းဆွဲခံရခြင်း စသဖြင့် ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထို့အပြင် မော‌တောင်လမ်းပိုင်းတစ်နေရာဖြစ်သည့် လယ်တောင်ယာရွာအနီးတွင် ဧပြီလ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သေးသည်။ “ဧပြီလ ၄ ရက်နေ့ကတည်းက မောတောင်ဘက်ကို သွားလို့မရတော့ဘူး” ဟု မြိတ်မှ မော‌တောင်နယ်စပ်သို့ ရေထွက်ကုန်များ တင်ပို့ရောင်းချနေသူတစ်ဦးက ပြောသည်။ ထို့အပြင် ခရီးသည်တင်ယာဉ်လိုင်းတို့သည် ဧပြီလအစမှစပြီး လက်ရှိအချိန်ထိ ရပ်နားထားရကြောင်း မြိတ်-မောတောင် ခရီးသည်တင်ယာဉ်လိုင်းအချို့ထံမှ […]

တနင်္သာရီမြို့နယ်တွင် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

April 17, 2023

တနင်္သာရီမြို့နယ်တွင် ဧပြီလ ၁၄ ရက်နေ့က တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။ ဧပြီလ ၁၄ ရက် နေ့လယ် ၁၂ နာရီခန့်က လယ်တောင်ယာရွာ ရေသန့်စက်ရုံအနီးသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်စစ်ကြောင်းနှင့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တနင်္သာရီကာကွယ်ရေးပျောက်ကျားအဖွဲ့၊ တောင်ပံနီကာကွယ်ရေးပျောက်ကျားအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဆိုသည်။ ယင်းနောက် မွန်းလွဲ ၁နာရီခွဲမှ သုံးနာရီအချိန်ထိ ဒုတိယအကြိမ် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။ တိုက်ပွဲတွင် စစ်ကောင်စီဘက်က ခြောက်ဦးသေဆုံးကာ နှစ်ဦးထိခိုက်ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်များ ဘက်ကမူ အထိအခိုက်မရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။ “လယ်တောင်ယာရွာဘက်က လက်နက်ကြီးပစ်သံတွေ ကြားရတာပဲ။ ရွာသားတွေရဲ့ အခြေအနေ ဘယ်လိုရှိမလဲ မသိဘူး။ တိုက်ပွဲတွေ […]

မြိတ်တွင် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး

diz_admin

April 16, 2023

မြိတ်မြို့နယ် မင်းသန်းကျေးရွာအုပ်စု မရင်းငယ်ကျေးရွာ၌ ယနေ့ ဧပြီ ၁၆ရက်တွင် လူငယ်အမျိုးသားတစ်ဦး ကြိုးဆွဲချ သေဆုံးကြောင်း ပရဟိတအသင်းအချို့ထံမှ သိရသည်။ ရွာအနီး တောင်ပေါ်ရှိ သစ်ပင်တွင် ကြိုးဆွဲချ သေဆုံးနေခြင်းဖြစ်ကြောင်း ရုပ်အလောင်းကို ကူညီသယ်ဆောင် ပေးခဲ့သည့် အောင်မင်္ဂလာကျန်းမာရေးအထောက်အကူပြုအသင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။ “လင်မယားစကားများကြတာလို့ ကြားရတာပဲ။ (ကြိုးဆွဲချတဲ့အကြောင်းအရင်း) အတိအကျတော့ မသိဘူး။ ဖြစ်တာက တောင်ပေါ်က ဥယျာဉ်တစ်ခုထဲမှာ ဖြစ်သွားတာ” ဟု ၎င်းက ဆိုသည်။ ဆွဲကြိုးချသေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ဖြစ်ပြီး ရုပ်အလောင်းအား မြိတ်မြို့ရှိ စစ်တပ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း အောင်မင်္ဂလာကျန်းမာရေး အထောက်အကူပြုအသင်းထံမှ သိရသည်။ သေဆုံးသူအမျိုးသားတွင် ဇနီးနှင့် ကလေးနှစ်ဦး ကျန်ရစ်ခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြိတ်မြို့တွင် ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက အမျိုးသားနှစ်ဦး ကြိုးဆွဲချ […]

မြိတ်တွင် ရာအိမ်မှူးတစ်ဦး ပုဆိန်ဖြင့် ခုတ်ခံရ၍ ဒဏ်ရာပြင်းထန်

diz_admin

April 15, 2023

မြိတ်မြို့၊ပါရမီရပ်ကွက်တွင် ရာအိမ်မှူးတစ်ဦး ပုဆိန်ဖြင့် အခုတ်ခံရပြီး မြိတ်ဆေးရုံကြီးတွင် အရေးပေါ် ဆေးကုသမှုခံနေရကြောင်း ဒေသခံများထံမှသိရသည်။ မြိတ်မြို့၊ဘုရားကိုင်ရပ်ကွက် ရာအိမ်မှူး ဦးဘလွင်သည် ဧပြီ ၁၄ ရက်နေ့၊ မွန်းလွဲပိုင်းက ပါရမီလမ်းအတိုင်း ဆိုင်ကယ်မောင်းလာစဥ် ပါရမီလမ်းဆုံအနီးတွင် ပုဆိန်ဖြင့် အခုတ်ခံရပြီး လက်ရှိတွင် မြိတ်ပြည်သူ့ဆေးရုံကြီး၌ အရေးပေါ်ကုသနေရသည်ဟု ၎င်းတို့ကပြောသည်။ “မျက်လုံးအောက်ဘက် ဒဏ်ရာရသွားတယ်။ ဒဏ်ရာကပြင်းထန်တယ်ပြောတယ်။ တစ်ချက်တစ်ချက် သွေးတွေလည်း ထထအန်နေတယ်”ဟု မြိတ်ဆေးရုံတွင် လူနာတင်ထားရသည့် တခြားလူနာရှင် တစ်ဦးက ကပြောသည်။ အသက် ၅၀ ဝန်းကျင်ရှိ ယင်းရာအိမ်မှူးကို မည်သည့်အကြောင်းအရင်းကြောင့် မည်သူက ခုတ်ခဲ့သည်ကိုတော့ မသိရှိရသေးကြောင်း ရပ်ကွက်သားများကပြောသည်။ “ခုတ်တဲ့ ကပ်ပ(ပဆိန်)က ထက်အောင်သွေးထားတာမျိုး မဟုတ်ဘူး။ ဖုန်းထည့်ထားတဲ့ (သူ့)လွယ်အိပ်လည်း ယူသွားတယ်လို့ ကြားရတယ်”ဟု ရပ်ကွက်သား နောက်တစ်ဦး ကပြောသည်။ […]

တနင်္သာရီတွင် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ CDM ဝင်

diz_admin

April 15, 2023

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် အခြေစိုက်ထားသည့် အမှတ် ၅၆၁ တပ်မှ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်အတူ  CDM ဝင်ရောက်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်သည်။ ဧပြီလ ၁၄ ရက်နေ့က တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ လာရောက်ခိုလုံလာပြီး ၎င်းနှင့်အတူ MA 3 မောင်းပြန်ရိုင်ဖယ်တစ်လက်၊ ကျည် ၂၀၀ တောင့်၊ လက်ပစ်ဗုံးတစ်လုံးနှင့် စစ်အသုံးအဆောင်အချို့ ပါလာသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို တနင်္သာရီစစ်ဒေသခွဲ၊ ကွပ်ကဲရေးအဖွဲ့မှ ဂုဏ်ပြုချီးမြင့်ငွေ ကျပ်သိန်းသုံးဆယ် ပေးအပ်သွားမည်ဟုလည်း ရေးသားထားသည်။ CDM ဝင်လာသည့် ရဲဘော်ကို ၎င်း၏ဆန္ဒအရ လွတ်မြောက်ဒေသတစ်ခုသို့ ပို့ဆောင်လိုက်ပြီဖြစ်ပြီး နောက်ထပ် CDM ဝင်လာမည့် ရဲဘော်များကိုလည်း နွေးထွေးစွာ ကြိုဆိုစောင့်ရှောက် အကူအညီပေးသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စဈကောငစြီတပသြား CDM ဝငရြောကမြှုနှင့ပြတသြကပြှီး စဈကောငစြီဘကမြှ ထုတပြှနပြှောဆိုထားခှငြးမွိုး မတှေ့ရသးပေ။ တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို စစ်ကောင်စီက ဖေဖော်ဝါရီ […]

ပုလောကုန်းတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်နေ

diz_admin

April 14, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အကြိမ်ရေအများအပြား ပစ်ခတ်နေကြောင်း ဒေသခံများ ထံမှသိရသည်။ ယနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် တိုက်ပွဲစဖြစ်ခဲ့ခြင်းဖြစ်ပြီး ပုလောမြို့တပ်ရင်းမှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “တမိုင်တောင်၊ နတ်အိမ်တောင်ဘက်မှာ ဖြစ်နေတာပါ။ လက်နက်ငယ်အသံတွေလည်း ကြားနေရတယ်။ လက်နက်ကြီးတွေနဲ့လည်း တအားပစ်တယ်”ဟု ရှမ်းဒွတ်ကျေးရွာအုပ်စုနေ ဒေသခံတစ်ဦးက ပြောသည်။ သို့သော် ညနေ ၃ နာရီဝန်းကျင်ခန့်တွင် ပစ်ခတ်သံများ မကြားရတော့ဟု ဒေသခံများကပြောသည်။ တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်မှုနှင့် တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကိုမူ မသိရသေးပေ။ သင်္ကြန်အကြိုနေ့ကလည်း ဂျင့်ဂါ၊မော်မိကျေးရွာဘက်သို့ ပုလောစစ်ကောင်စီတပ်မှ လက်နက်ကြီး ငါးချက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီက တနင်္သာရီမြို့နယ်နှင့် ပုလောမြို့နယ်တို့ကို ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် […]

မြိတ်တွင်နေအိမ်လေးလုံး မီးလောင်

diz_admin

April 13, 2023

မြိတ်မြို့တွင် နေအိမ်လေးလုံး မီးလောင်ပြာကျသွားကြောင်း ဒေသခံများနှင့် နာရေးကူညီမှုအသင်းများ ထံမှ သိရသည်။ မြိတ်မြို့၊အင်းလေးမြိုင်စက်မှုဇုံအနီး ချမ်းမြေ့သာယာရပ်ကွက်တွင် ယနေ့ မွန်းလွဲ ၂ နာရီကျော်က မီးလောင်ကျွမ်းခဲ့ပြီး ဖက်မိုးထရံကာ နေအိမ်လေးလုံး မီးလောင်သွားသည်ဟု ဒေသခံများနှင့် နာရေးကူညီမှုအသင်း ကပြောသည်။ “ဓနိမိုးထရံကာ အိမ်လေးလုံး ပြာကျသွားတယ်။ လူမနေတဲ့ အိမ်တစ်လုံးလည်း ဖျက်ချလိုက်ရတယ်။ လူတွေကတော့ ထိခိုက်တာမျိုးမရှိပါဘူး”ဟု မီးလောင်ရာသို့သွားရောက်ကူညီခဲ့သည့် ဂရုဏာနာရေးကူညီမှုအသင်းမှ တာဝန်ရှိသူကပြောသည်။ မီးလောင်ရာသို့ မီးသတ်ကားများ လာရောက်ငြိမ်းသတ်ခဲ့ပြီး ၁၅ မိနစ်ခန့်သာ မီးလောင်ခဲ့သည်ဟု ဒေသခံများကပြောသည်။ မီးလောင်ရသည့် အကြောင်းအရင်းကိုမူ မသိရသေးပေ။