မြိတ်မှတနင်္သာရီကိုလာသည့် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရ
Dawei Watch
March 24, 2025မြိတ်မြို့ဘက်မှ တနင်္သာရီမြို့နယ်ဘက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ဘန်းလမွတ်ကျေးရွာအုပ်စု အရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့အပါအဝင် တော်လှန်ရေးတပ်များနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ကား ၈ စီးပါ စစ်ကောင်စီတပ် ယာဥ်တန်းကို (ယနေ့)မတ်လ ၂၄ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ဘန်းလမွတ်ကျေးရွာအုပ်စု ရမ်းဖိုရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်နှင့် နီးစပ်သူအချို့က ဆိုသည်။ ထိုကဲ့သို့ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်ယာဥ်တန်းပါ ကားတစ်စီးထိခိုက်သွားသော်လည်း ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့ ဝင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ”ထိသွားတဲ့ကားက အထိအခိုက်တော့များမယ်ထင်တယ်။ အင်အားက လမ်းကင်းယူထားတာနဲ့ဆို တော်တော်လေးများမယ်ထင်တယ်”ဟု ၎င်းကဆိုသည်။ အဆိုပါ စစ်ကောင်စီတပ်ကားများက မြိတ်ဘက်မှ သိန်ခွန်းရွာဘက်သို့ စစ်ကူသွားမည့် ကားများဖြစ်နိုင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထို့အပြင် သိန်ခွန်းရွာဘက်ရှိ ဒဏ်ရာရစစ်ကောင်စီ တပ်သားများကို ပြန်သယ်ရန်လည်း ဖြစ်နိုင်ကြောင်း၎င်းကဆိုသည်။ […]