BREAKING
April 19, 2025

မွန်

မြိုင်ရတနာဈေးရှေ့ စိတ်ကြွဆေးပြား ငါးထောင်ကျော် ဖမ်းမိ

diz_admin

January 6, 2020

မော်လမြိုင်မြို့ မြိုင်ရတနာ လေးထပ် ဈေးရှေ့တွင် စိတ်ကြွဆေးပြား ငါးထောင် ကျော် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုထံမှ သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၀ ရက်က မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူ ဌာနစုမှ ရဲအုပ်ဇော်ထိုက်ဦးစီး တပ်ဖွဲ့ ဝင်တို့က မူးယစ်ဆေးဝါးသတင်းအရ မြိုင်ရတနာ ဈေးဝင်ပေါက်ရှေ့တွင် ရပ်နေ သူ မော်လမြိုင်မြို့ ဖက်တန်းရပ်ကွက်နေ ကိုဇော်မျိုးနိုင် (၂၂) နှစ်နှင့် မော်လမြိုင် မြို့ ဇေယျာသီရိရပ်ကွက်နေ ဦးမင်းသိန်း (၄၅) နှစ်တို့အား ရှာဖွေမှုပြုလုပ်ခဲ့သည်။ ထိုသို့ရှာဖွေရာ ကိုဇော်မျိုးနိုင်တွင် စိတ်ကြွဆေးပြား ၅၀၀၀ ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။ ၎င်းတို့နှစ်ဦးအား ဆက်လက် မေးမြန်းခဲ့ရာ အဆိုပါ မူးယစ်ဆေးဝါးများ သည် ရန်ကုန်တိုင်းဒေသ […]

ဘီးလင်းမြစ်ရေတွင် ရေနေသတ္တဝါများ အသက်မရှင်နိုင်

diz_admin

January 6, 2020

မွန်ပြည်နယ် ဘီးလင်းမြို့ရှိ ဘီးလင်း မြစ်ရေထဲ ရေနေသတ္တဝါများ အသက် မရှင်နိုင်ဘဲ သုံးစွဲမိလျှင်လည်း အဆိပ်သင့် ပြီး ကျန်းမာရေးထိခိုက်နိုင်သည်ဟု ကျောက်ဆည်တက္ကသိုလ် ဓာတုဗေဒဌာန ပါမောက္ခ ဒေါက်တာအေးအေးချိုက ပြောသည်။ ဒီဇင်ဘာ ၂၇ ရက်က ဘီးလင်းမြို့ တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘီးလင်းမြို့ နယ်၏ ရေမြေသဘာ၀နှင့် ယဉ်ကျေးမှု အမွေအနှစ်များဆိုင်ရာ သုတေသန စာတမ်းဖတ်ပွဲတွင် “ဘီးလင်းမြစ်အလယ် ပိုင်းနှင့် မြစ်ဖျားပိုင်းရှိ ရေအရည်အသွေး များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာခြင်း စာတမ်း” ခေါင်းစဉ်ဖြင့် ဘီးလင်းမြစ်ရေ အခြေအနေ လေ့လာတွေ့ရှိချက်များကို ဒေါက်တာအေးအေးချိုက ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “(ဘီးလင်းမြစ်ရေထဲ) အောက်ဆီ ဂျင်ပျော်ဝင်မှုတွေဟာ အများကြီးနည်းနေတဲ့အတွက်ကြောင့်မို့ ရေနေသတ္တဝါ တွေ အသက် မရှင်သန်နိုင်ပါဘူး။ သံဓာတ်၊ ခဲဓာတ်၊ […]