ဆောင်းဘောက် ဆူညံသံပြဿနာ ဖြေရှင်းနိုင်ခြင်း မရှိ
diz_admin
February 19, 2020မွန်ပြည်နယ်အတွင်းက ဆောင်းဘောက် ဆူညံသံပြဿနာနှင့် ပတ်သက်ပြီး ဖြေရှင်းနိုင်ခြင်းမရှိကြောင်း ကျိုက်မရောမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က ထောက်ပြသည်။ ဆောင်းဘောက်ဆူညံသံကို ထိန်းချုပ်ရန် သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေး မှူးမှတစ်ဆင့် မြို့နယ်၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးအဆင့်ထိ ချပြရန်နှင့် ဆောင်းဘောက်လုပ်ငန်းရှင်များကိုလည်း ပညာပေး ရှင်းပြထားရန် ပြည်နယ်အစိုးရ အဖွဲ့က ၂၀၁၉ ခုနှစ် စက်တင်ဘာလခန့်က တရားဝင်စာထုတ် ညွှန်ကြားထားသလို ညွှန်ကြားချက် မလိုက်နာဘဲ သတ်မှတ်ဥပဒေပါ စည်းမျဉ်းစည်းကမ်းထက် ကျော်လွန်ပြီး ဆက်လက်လုပ်ဆောင်လာပါက ဥပဒေအရ အရေးယူမည်ဟု လည်း ပြည်နယ်အစိုးရက ညွှန်ကြား ထားသည်။ သို့သော် လက်တွေ့တွင် ဆောင်းဘောက်ဖွင့်သူများ၊ ဆောင်းဘောက်လုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ခြင်း မရှိသည့်အပြင် ဆောင်းဘောက်များကို တွဲလုံးတပ်ဆင်ပြီး စီးပွားဖြစ်လုပ်ကိုင် နေကြသည်လည်း ရှိသည်ဟု လွှတ်တော်ကိုယ်စားလှယ် […]