နွေရာသီ မွန်စာသင်တန်းများ စဖွင့်
diz_admin
March 12, 2020နွေရာသီ မွန်စာသင်တန်းကို မတ်လဆန်းမှစပြီး မြို့နယ်တချို့တွင် စတင်ဖွင့်လှစ် သင်ကြားနေပြီဟု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုအဖွဲ့ထံမှ သိရသည်။ နွေရာသီ မွန်စာသင်တန်းကို မွန် လူမျိုးတို့၏ စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက် မြှင့်တင်ပေးစေလိုသည့် ရည်ရွယ်ချက် ဖြင့် နှစ်စဉ်နှစ်တိုင်း ဖွင့်လှစ်သင်ကြားပေး လျက် ရှိသည်။ မုဒုံမြို့နယ်တွင် မတ်လ ၄ ရက် တွင် စဖွင့်ပြီး သင်တန်းဖွင့်ရက် တစ်မြို့ နယ်နှင့် တစ်မြို့နယ် မတူကြောင်း မွန် ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူး နိုင်မွန် ရာဇာက ပြောသည်။ “မုဒုံမြို့နယ်ကတော့ အစောဆုံး ဖွင့်တာ ဖြစ်တယ်။ ကျန်တဲ့မြို့နယ်တွေမှာ လည်း ဒီမတ်လအတွင်းမှာ […]