ရက် ၉၀ နေရုံဖြင့် မဲပေးခွင့်ပြုသည့်ကိစ္စ တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေးပါတီ ဝေဖန်
diz_admin
March 3, 2020လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒ နယ်ပြင်ပရောက်သူများအနေဖြင့် အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း နေထိုင်ရုံဖြင့် ၎င်းတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် မဲပေးခွင့်ပြုသည့်ကိစ္စသည် တိုင်းရင်းသားပါတီများကို ဂရုမစိုက်သည့်သဘောဟု မွန်ညီညွတ်ရေး ပါတီက ဝေဖန်ပြောဆိုလိုက်သည်။ မဲဆန္ဒနယ်ပြင်ပရောက်သူများ မဲပေးခွင့်နှင့် ပတ်သက်ပြီး လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် ပါရှိသော “အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်း” ဆိုသည့်စကားရပ်ကို “အနည်းဆုံးရက်ပေါင်း ၉၀ ထက်မနည်း” ဆိုသည့် စကားရပ်ဖြင့် အစားထိုးပြင်ဆင် ချက်အား ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၀ ရက်က မဲခွဲအတည်ပြု လိုက်သည်။ အဆိုပါကိစ္စသည် တိုင်းရင်းသား ပါတီတို့က ကန့်ကွက်နေသည့်ကြားမှပင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က တရားဝင်နိုင်ငံရေးပါတီတို့နှင့် တစ်စုံ တစ်ရာ ဆွေးနွေးညှိနှိုင်းတိုင်ပင်ခြင်း မရှိ ဘဲ ရွေးကောက်ပွဲနည်းဥပဒေကို ပြင်ဆင်ကာ လွှတ်တော်ကိုတင်လိုက်ခြင်းသည် […]