အမည်ရှေ့တွင် လူမျိုးဝိသေသ လက္ခဏာများ ထည့်သွင်းရန် မွန်အစိုးရ တိုက်တွန်း
diz_admin
June 8, 2020မွန်ပြည်နယ်အတွင်းနေထိုင်ကြသည့် တိုင်းရင်းသားလူများ၏ အမည်နာမရှေ့တွင် ၎င်းတို့ လူမျိုးဝိသေသလက္ခဏာများ ထည့်သွင်းရန် မွန်ပြည်နယ်အစိုးရအဖွဲ့က စာထုတ်ပြီး တိုက် တွန်းနှိုးဆော်လိုက်သည်။ ပြည်နယ်အတွင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးမိဘများအနေဖြင့် သား/သမီးများ၏ မွေးစာရင်း၊ သန်းခေါင်စာရင်းသွင်းချိန်နှင့် ကျောင်းအပ်နှံချိန်တို့တွင် တိုင်းရင်းသားလူမျိုးများ၏ အမည်ရှေ့တွင်ပါရှိသော ရှေ့ဆောင်စကားလုံးများ (ဥပမာ-မင်း၊ မိ၊ နိုင်၊ စော၊ နော်၊ နန်း၊ ခွန်စသဖြင့်) ထည့်သွင်း မှတ်တမ်းတင်ရေးသွင်းကြရန် မွန်ပြည်နယ်အစိုးရက ဇွန်လ ၂ ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းထားသည်။ ပြည်နယ်အစိုးရအဖွဲ့၏ တိုက်တွန်းနှိုးဆော်ချက်ကို မွန်မိဘပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန်အတွက် မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီက ဆက်လက်တိုက်တွန်း နှိုးဆော်သွားမည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှူး နိုင်မန်ရာဇာက ပြောသည်။ “ပြီးခဲ့တာတွေက ကျွန်တော်တို့က အစပေါ့နော်။ ကျောင်းတက်တော့ နာမည်ရှေ့မှာ မင်းထည့်ခဲ့ပေမယ့် မောင်ပဲ ထွက်လာတယ်။ အသက်ကြီးလာတော့ “နိုင်” […]