ရေဖြူတွင် မိုင်းနင်းမိမှုထပ်ဖြစ်၊ ဒေသခံတစ်ဦး ခြေထောက်တစ်ဖက်ပြတ်
diz_admin
May 11, 2020တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတွင် ဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု အလယ်စခန်းကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ အလယ်စခန်းကျေးရွာမှ ၃ မိုင်ခန့်ဝေးသည့် ဒေသအခေါ် ကြောင်လျှာကွင်း ဒေသတွင် မေလ ၄ ရက်နေ့ မွန်းလွဲတစ်နာရီအချိန်ခန့်က ခြံမှပြန်လာသည့် ဟံဂံရွာခံ နိုင်ထွန်းဆိုသူသည် လမ်းပေါ် တွင် မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားသည်ဟု သိရသည်။ “မိုင်းနင်းမိတဲ့လူက ဟံဂံက ဒီမှာ (အလယ်စခန်း) ခြံလာလုပ်နေကြတယ်။ ခြံကနေအပြန် လူသွားလမ်းပေါ်မှာပဲ နင်းမိတယ်။ အဲနေရာတစ်ဝိုက်မှာပဲ ၂၀၁၉ တုန်းကလည်း တစ်ကြိမ် မိုင်းနင်းမိတာ ရှိခဲ့တယ်” ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ပြောသည်။ ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတစ်ဝိုက်တွင် ပြီးခဲ့သည့် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်အတွင်းက ဒေသခံတို့ […]