ရေလုပ်သားများ လူကုန်ကူးမခံရရေးစီမံရန် မွန်လွှတ်တော် တိုက်တွန်း
diz_admin
February 25, 2020မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ငန်းခွင်များရှိ ရေလုပ်သား များ လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ မရှိစေရေး စီမံဆောင် ရွက်ပေးရန် မွန်ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်း တိုက်တွန်းလိုက်သည်။ ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၅) ကြိမ် မြောက် ပုံမှန်အစည်းအဝေး တွင် ရေလုပ်သားများနှင့် ဆက်စပ်သည့် လူကုန်ကူးခံရမှု၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု များမရှိစေရေးနှင့် ပင်လယ်ပြင်ငါးဖမ်း လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက် ရေးအတွက် စီမံဆောင်ရွက်သွားရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ် ၄ ဦး ထောက်ခံဆွေးနွေးခဲ့ကာ အဆိုကို ကန့်ကွက်သူမရှိ လွှတ်တော်က ဖေဖော်ဝါရီ ၁၈ ရက်က အတည်ပြုလိုက်သည်။ မွန်ပြည်နယ် ရေပိုင်နက်အတွင်း ငါးဖမ်းလုပ်ကွက် […]