မွန်ပြည်နယ်အတွင်း လုံခြုံရေး စိတ်မချရသည့် မဲရုံ ၈၆ ရုံရှိ
diz_admin
September 12, 2020နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်အတွင်း လျာထားမဲရုံများတွင် လုံခြုံရေး စိတ်မချရသည့် မဲရုံ ၈၆ ရုံရှိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး (ဦးစီး) ထွန်းထွန်းက ပြောသည်။ ၎င်းတို့မှာ သံဖြူဇရပ်မြို့နယ်အတွင်း ခြောက်ရုံ၊ ရေးမြို့နယ်အတွင်း ၆၃ ရုံ၊ ကျိုက်ထိုမြို့နယ်အတွင်း ငါးရုံ၊ ဘီးလင်း မြို့နယ်အတွင်း ခုနစ်ရုံနှင့် သထုံမြို့နယ်အတွင်း ငါးရုံဖြစ်သည်။ ပုံမှန်အားဖြင့် မဲရုံများကို ရဲတပ်ဖွဲ့ ကသာ အဓိက လုံခြုံရေးဆောင်ရွက်ရမည်ဖြစ်သော်လည်း လုံခြုံရေးစိတ်မချရသည့် မဲရုံများကို တပ်မတော်နှင့် ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်သွားမည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူး(ဦးစီး)က ပြောသည်။ ကိုဗစ်ရောဂါဖြစ်ပါက ခံစားရမည့် နောက်ဆက်တွဲရေရည်ဆိုးကျိုးများ တပ်မတော်နှင့် ပူးပေါင်းလုံခြုံရေး ယူရမည့်နေရာတွင် အတွင်းစည်းကို ရဲတပ်ဖွဲ့ကသာ တာဝန်ယူမည်ဖြစ်ပြီး […]