ကိုဗစ်ကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ဒေသအတွင်း အသွားအလာ ကန့်သတ်
diz_admin
October 5, 2020ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့မှု ပိုမိုများပြားလာနေသည့် လတ်တလော အခြေအနေကြောင့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဒေသအတွင်း ဝင်ထွက် သွားလာခွင့်ကို ကန့်သတ်ထားလိုက်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။ လတ်တလောအခြေအနေကြောင့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဒေသအတွင်းသို့ ကျန်းမာရေးဆိုင်ရာကိစ္စရပ် များဆောင်ရွက်ရန်မှလွဲပြီး မည်သူ မည်သည့်အဖွဲ့အစည်းမှ ဝင်ခွင့်မပေးတော့ကြောင်းဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ယင်းဒေသတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် CBO, CSO, NGO စသဖြင့် အရပ်ဘက်အဖွဲ့အစည်း များရှိနေပြီး ကန့်သတ်မှုထဲတွင် ယင်းအဖွဲ့ အစည်းများလည်း အကျုံးဝင်မည်ဖြစ်သည်။ “လုပ်ငန်းအကောင်အထည်လာ ဖော်တာ သင်တန်းပေးတာတွေ လူစုတာတွေ စသဖြင့်ပေါ့ ခွင့်မပြုတော့ဘူး။ ဒီရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတစ်ခုကိုပဲ ကျွန်တော်တို့ ထိန်းချုပ်ဒေသမှာ လာလုပ် ခွင့်ပြုမယ်။ အဲဒီလို ချမှတ်ထားတာရှိတယ်” ဟု […]