ကုန်စည်ဝင်ရောက်မှုကြန့်ကြာ သဖြင့် ကုန်ပစွည်းအချို့ ဈေးတက်
diz_admin
October 26, 2020မွန်ပြည်နယ်အတွင်းသို့ ကုန်စည် ဝင်ရောက်ရာတွင် ကြန့်ကြာမှုများရှိနေသည့်အတွက် ကုန်ပစွည်းအချို့မှာ ဈေးတက်လာကြောင်း ပြည်နယ်အတွင်း ကုန်ရောင်းဝယ်နေသူတို့နှင့် မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတို့ထံမှ သိရသည်။ ကိုဗစ်-၁၉ ကူးစက်မှု ဒုတိယလှိုင်း ကာလတွင် ရောဂါထိန်းချုပ်နိုင်ရေး ကန့်သတ်မှုများ၊ စစ်ဆေးမှုများ ရှိနေခြင်းကြောင့်ဖြစ်ကြောင်း မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်အောင်သွင်က ပြောသည်။ “အထိုက်အလျောက်တော့ ကြန့်ကြာမှုလေးကတော့ ကြုံခဲ့ရတယ်။ ရပ် တန့်သွားတာတော့မဟုတ်ဘူး” ဟု ဦးခင်အောင်သွင်က ပြောသည်။ ကိုဗစ်-၁၉ မဖြစ်ခင်က ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ် ၁၀ဝ၀ ရှိခဲ့ရာ ယခုအခါ ၁၃၀ဝ ကျပ် ရှိနေပြီး စားအုန်းဆီဈေးနှုန်းမှာလည်း ယခင်ထက် ကျပ် ၂၀ဝ ခန့် မြင့်တက်လာသည်ဟု ကုန်သည်တို့က ပြောသည်။ “လမ်းမှာ စစ်ဆေးမှုက များတော့ ကုန်စည်ဝင်ရောက်မှုက နောက်ကျတယ်။ […]