လွတ်လပ်စွာမဲပေးနိုင်ရေး အသွားအလာကန့်သတ်ထားမှုကို မွန်ပြည်သစ် ဖြေလျှော့ပေးမည်
diz_admin
November 13, 2020မွန်ပြည်သစ်ပါတီအနေနှင့် ၎င်းတို့ ထိန်းချုပ်ဒေသအတွင်းရှိ ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရန်အတွက် ဝင်ထွက် သွားလာခွင့် ကန့်သတ်ထားသည်ကို ဖွင့်လှစ်ပေးသွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။ မွန်ပြည်သစ်ပါတီသည် ကိုဗစ်ဖြစ် ပွားမှုနှုန်းများလာခဲ့သည့် စက်တင်ဘာလ ခန့်မှစပြီး ၎င်းတို့ထိန်းချုပ်ဒေသအတွင်း ဝင်ထွက်သွားလာခွင့်များကို ကန့်သတ်ထားခဲ့သည်။ မိမိတို့ ထိန်းချုပ်ဒေသအတွင်းရှိ မဲဆန္ဒရှင် ပြည်သူများ လွတ်လပ်စွာမဲပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် မဲပေးရမည့် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင် နိုဝင်လာလ ၇ ရက်နေ့မှ မဲပေးပြီး နောက်နေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ ထိန်းချုပ်ဒေသအတွင်း ဝင်ထွက်သွားလာခွင့်ကို ဖွင့်လှစ်ပေးထားမည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဗညားလယ်က ပြောသည်။ ကော်မရှင်လုပ်ငန်းအား ဝင်စွက်ဖက်သည်ဆိုပြီး NLDကိုယ်စားလှယ်လောင်း တိုင်ကြားခံရ “မဲသွားပေးမယ့် ပြည်သူလူထုတွေ လွတ်လပ်စွာ မဲသွားပေးနိုင်ဖို့ နိုဝင်ဘာ ၇ ရက်နေ့ကနေ […]